ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို သေဒဏ်ချ

ဓာတ်ပုံ - ကျော်ဇင်သန်း

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို မင်္ဂလာဒုံလေဆိပ်မှာလုပ်ကြံခဲ့မှုနဲ့ ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို သေဒဏ် အသီးသီးချမှတ်ခဲ့ပါတယ်။

သေနတ်သမား ကြည်လင်းကတော့ ဦးကိုနီအပြင် တက္ကစီသမား ကိုနေဝင်းကိုပါ သေစေခဲ့တဲ့အတွက် ထောင်ဒဏ်နှစ် ၂၀ ပါပူးတွဲချမှတ်လိုက်ပါတယ်။

ဒါအပြင်ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်နဲ့ အောင်ဝင်းထွန်းကို ၃ နှစ် စသဖြင့် အသီးသီး ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒီအမှုမှာ အောင်ဝင်းခိုင်ကတော့ ခုထိလွတ်မြောက်နေဆဲဖြစ်ပါတယ်။

Top News