လွိုင်ကော်ဆန္ဒဖော်ထုတ်ပွဲကို ရဲတပ်ဖွဲ့က ရော်ဘာကျည်ဖြင့်ပစ်ခတ်တားဆီး

၁၃ ဦးထက်မနည်း ဒဏ်ရာရ
လွိုင်ကော်မြို့၌ ဗိုလ်ချုပ်ရုပ်တုဖယ်ရှားရေး ဆန္ဒထုတ်ဖော်နေသူများနှင့် လုံခြုံရေးစည်းခြားတားဆီးနေသော ရဲတပ်ဖွဲ့ဝင်များကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ −AFP)

လွိုင်ကော်မြို့တွင် ယမန်နေ့က ပြုလုပ်သည့် လူ ၁,၅၀၀ ခန့်ပါဝင်သော ဗိုလ်ချုပ် ရုပ်တုဖယ်ရှားပေးရေး ဆန္ဒထုတ်ဖော်မှုကို ရဲတပ်ဖွဲ့က ရော်ဘာကျည်ဖြင့် ပစ်ခတ်ပြီး မီးသတ်ပိုက်အသုံးပြု၍ လူစုခွဲရာ ဆန္ဒပြသူ ၁၃ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ကန့်ကွက်မှုဦး ဆောင်သည့် လူငယ်များက ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက် (ပြည် ထောင်စုနေ့)နံနက် ၉ နာရီကစ၍ ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သူများ က နာရီစင်အပါအဝင် လမ်း ကြောင်းလေးခုမှ ဗိုလ်ချုပ်ရုပ်တု ရှိရာ လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံသို့ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ‘‘ဗိုလ်ချုပ်ရုပ်တုဖယ်ရှားပေးရေး၊ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာ ဝန်ကြီးတို့ နုတ်ထွက်ပေးရေး၊ အမျိုး သားတန်းတူရေး’’ဟု ရေးသား ထားသော ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ သည်။

ရဲတပ်ဖွဲ့ကမူ ဆန္ဒထုတ်ဖော် သူများ နာရီစင်ဘက်မှ ကန္ဒာဟေ ဝန်ပန်းခြံသို့ လာရောက်မည့် လမ်းမပေါ် သံဆူးကြိုးများ ကန့်လန့်ဖြတ်ချကာ လုံခြုံရေး ပထမစည်း၊ ဒုတိယစည်း၊ တတိယစည်း ဟူ၍ စည်းသုံးစည်းခြား တားမြစ်ခဲ့သည်။

လုံခြုံရေး ပထမစည်း

နာရီစင်ဘက်မှ လူ ၃၀၀ ခန့်ဖြင့် ချီတက်လာသည့် ဆန္ဒ ထုတ်ဖော်သူများက ပြည်နယ် ခန်းမအနီး ချထားသော ရဲတပ်ဖွဲ့ ၏ လုံခြုံရေး ပထမစည်းအနီးအ ရောက်တွင် မိနစ် ၂၀ ခန့် ရပ်နား ခဲ့သည်။

ထိုစဉ် ရဲတပ်ဖွဲ့က ယခုကဲ့ သို့ လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော် ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသဖြင့် ၎င်းတို့ ချထားသည့် လုံခြုံရေးစည်းများကို မကျော်မီ လူစုခွဲပေးရန်နှင့် လူစုမခွဲပါက ထိရောက်စွာ အရေးယူမည်ဖြစ် ပြီး သေနတ်ဖြင့် ပစ်ခတ်မည်ဟု လော်စပီကာအသုံးပြု၍ သတိ ပေးကြေညာသည်။

‘‘ဆန္ဒပြလူထုကြီးခင်ဗျား။ အမြန်ဆုံးလူစုခွဲပေးပါ။ ပထမ စည်းကို လုံးဝမကျော်ပါနဲ့။ ပထမ စည်းကျော်လွန်လာပါက ချက် ချင်းအရေးယူပါမယ်’’ဟု ရဲတပ် ဖွဲ့က သတိပေးသည်။

ဒုတိယစည်း

‘‘ဤစည်းကို မကျော်ပါနှင့်’’ ဟု ရေးသားထားသော လုံခြုံရေး ဒုတိယစည်းအနီးတွင်လည်း ရဲတပ်ဖွဲ့က ထပ်မံသတိပေးခဲ့ သည်။

သို့သော် ဆန္ဒပြလူအင်အား ၃၀၀ ခန့်က ထပ်မံရောက်ရှိလာ သည့် လူ ၁၀၀ ခန့်နှင့် ပူးပေါင်းကာ ‘‘ဗိုလ်ချုပ်ရုပ်တု ဖယ်ရှားပေး ရေး... တို့အရေး’’ဟူသည့် ကြွေး ကြော်သံများ ကြွေးကြော်ကာ လမ်းမပေါ် ချထားသော သံဆူး ကြီးများကို ဖယ်ရှားကာ ဖြတ် ကျော်ခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က ဆန္ဒ ပြသူများအနေဖြင့် ရှေ့သို့ဆက် လက်ချီတက်ခြင်းမပြုရန်နှင့် လူစု ခွဲရန်၊ မခွဲပါက ထိရောက်စွာအ ရေးယူမည်ဟု နောက်ဆုံးအကြိမ် သတိပေးကြေညာသည်။

တတိယစည်းကျော် (ရော်ဘာကျည် သေနတ်ဖြင့် ပစ်ခတ်၊ မီးသတ်ပိုက်ဖြင့် လူစုခွဲ)

ဆန္ဒဖော်ထုတ်သူများကမူ လူစုမခွဲသည့်အပြင် ပထမစည်း နှင့် ဒုတိယလုံခြုံရေးစည်းများကို ဖယ်ရှား၍ ရှေ့ဆက်ချီတက်လာ ပြီး လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ ဝင်များနှင့် လက်တစ်ကမ်းအကွာ သို့ ရောက်ရှိစဉ် တတိယစည်းအ ဖြစ် တားဆီးထားသည့် သံဆူး ကြိုး ဘယ်ရီဂိတ်များကို ဆန္ဒထုတ် ဖော်သူများက ညာသံပေးကာ အင်အားသုံးဖယ်ရှားပြီး ရှေ့ဆက် တိုးခဲ့သည်။

ထိုစဉ် ရဲတပ်ဖွဲ့က ရော်ဘာ ကျည်သေနတ် အသုံးပြုကာ ဆန္ဒ ထုတ်ဖော်သူများကို ပစ်ခတ်လူ စုခွဲသည့်အပြင် မီးသတ်ပိုက်ပါ အသုံးပြု၍ ရှေ့ဆက်တက်ခြင်း မပြုနိုင်စေရန် လူစုခွဲခဲ့သည်။

သို့သော် အဆိုပါ လုံခြုံရေး စည်းများနှင့် အတားအဆီးများကို ဆန္ဒထုတ်ဖော်သူများက ကျော် ဖြတ်လာပြီး ဗိုလ်ချုပ်ရုပ်တုရှိရာ ကန္ဒာဟေဝန်ပန်းခြံသို့ ရှေ့ဆက် သွားခဲ့သည်။

ထို့နောက် ကန္ဒာဟေဝန်ပန်း ခြံအရှေ့ အခြားလမ်းကြောင်းသုံး ခုမှလာသည့် လူ ၁,၀၀၀ ခန့်ပါဝင် သော ဆန္ဒထုတ်ဖော်သူ များနှင့် ပူးပေါင်းကာ ချီတက် လမ်းလျှောက်မှုကို ရပ်နားခဲ့ပြီး စုဝေးထိုင်ခဲ့သည်။

ဆန္ဒထုတ်ဖော်မှုကို ဦးဆောင် သည့် လူငယ်များက ၎င်းတို့ ပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း ၏ ကတိကဝတ်များကို အကောင် အထည်ဖော်နိုင်ခြင်း မရှိသေးသည့်အချိန်တွင် ဗိုလ်ချုပ်အောင် ဆန်းရုပ်တု အတင်းအဓမ္မစိုက်ထူ ခြင်းကို လက်မခံနိုင်ကြောင်း တစ် ယောက်တစ်လှည့်စီ ဟောပြော ကြသည်။

ထို့အပြင် ဗိုလ်ချုပ်ရုပ်တု စိုက်ထူရာတွင် အဓိကတာဝန်ရှိ သူများဖြစ်သည့် ကယားပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်စီမံဘဏ္ဍာ ရေးဝန်ကြီးတို့ နုတ်ထွက်ပေးရန် နှင့် ဌာနေတိုင်းရင်းသားများ၏ အ ခွင့်အရေးများကို လေးစားလိုက် နာရန် ဟောပြောကြသည်။

ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှု

ထို့နောက် ကယားပြည်နယ် အစိုးရအဖွဲ့က ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ရုပ်တု ကန့် ကွက်မှုကို ဦးဆောင်သည့် လူငယ်များနှင့် ညှိနှိုင်းဆွေးနွေးလို ကြောင်း ကမ်းလှမ်းခဲ့ရာ ယမန် နေ့ ညနေ ၃ နာရီခန့်တွင် ဦးဆောင်သူ လူငယ်များက ပြည်နယ်အစိုးရ အဖွဲ့ရုံးသို့ သွားရောက်ညှိနှိုင်းခဲ့ သည်။

သို့သော် ညနေ ၆ နာရီ ၄၅ မိနစ်အထိ သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသေးဘဲ ညှိ နှိုင်းဆွေးနွေးနေဆဲဖြစ်သည်။

လူစုခွဲမှုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူများ

ရဲတပ်ဖွဲ့၏ ရော်ဘာကျည် ဖြင့် ပစ်ခတ်လူစုခွဲမှု ဖြစ်စဉ်အ တွင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် လူငယ် ၁၃ ဦး၏ မျက်နှာ၊ ခေါင်း၊ နောက်ကျော၊ ရင်ဘတ်၊ လက်မောင်း၊ ပေါင်၊ ဝမ်းဗိုက်နှင့် ခြေထောက်တို့၌ ကျည်ထိမှန် ဒဏ်ရာများ ရရှိပြီး ငါးဦးမှာ သွေးထွက်များသဖြင့် ဆေးခန်းသို့ ပို့ဆောင်ထားရကြောင်း ဆန္ဒထုတ်ဖော်ရာ တွင် ဦးဆောင် သူတစ်ဦးဖြစ်သည့် ခွန်းဘားနပ်က ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပြော သည်။

ထို့အပြင် ရော်ဘာတုတ်ဖြင့် ရိုက်နှက်ခံရသူ လူငယ်နှစ်ဦးနှင့် လုံခြုံရေး သံဆူးကြိုးစည်းများ ကို ဆန္ဒပြသူများက အင်အားသုံး ဖယ်ရှားစဉ် လူငယ်ခြောက်ဦး ဒဏ်ရာရရှိသည်ဟု ဆန္ဒဖော် ထုတ်မှုကို ဦးဆောင်သည့်လူငယ် များက ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းတွင် ပြောသည်။ ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့ထံ ဆက်သွယ်သော် လည်း အဆက်အသွယ်မရရှိခဲ့ ပေ။