News

  • Wed 03 Apr 2019 - 18:12
     ဘူးသီးတောင်မြို့ နယ်တွင် ဘင်္ဂါလီသုံးဦးကို ကျပ် ၇၂ သန်းကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၆,၀၀၀ ကျော် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
  • Wed 03 Apr 2019 - 10:59
    သင်္ကြန်ရောက်တော့မည်။ တီဗီ၊ ရုပ်သံအစီအစဉ်တွေကစ၍ တစ်ရပ်ကွက်လုံးမှာလည်း သင်္ကြန် သီချင်းတွေကို ကြားနေရပြီ။ ရာသီဥတုက ပူပြင်းလွန်းလှသည်။ နွေဦးလည်း မဟုတ်တော့။ နွေလယ်ကို ရောက်နေပြီ။ အင်မတန် ပူပြင်းလှသဖြင့် မိမိကိုယ်ကိုယ်ပင် မနည်းဂရုစိုက်နေရသည်။  ကျောင်းများပိတ်ထားသော ကြောင့် ကျွန်တော့်မှာ အလုပ်ကမရှိ။ အလုပ်က မရှိဆိုတော့ စာဖတ်ရသည်။ စာဖတ်ခြင်းသည် အလုပ်ဖြစ်သည်။ စာအုပ်တွေလည်း စီ၏။ ဒီတော့လည်း စာအုပ်စင်တွေ ရှင်းရင်း ကံ့ကော်မြိုင်စာတမ်းဆိုသည့် စာအုပ်အပါးကလေးက စာအုပ်ပုံကြားမှ ထွက်လာသည်။ ကျွန်တော်တို့ကြိုက်ခဲ့ရသော စာအုပ်ကလေးတစ်အုပ်။ စာအုပ်ကလေးက ခပ်ပါးပါး။ အ တွေးစက ခပ်များများပေးခဲ့ဖူး သော မြန်မာတို့၏အက်ဆေးများ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာအောင်သင်း စသည့်စသည့် ဆရာများ ရေးသားထားသည့် အက်ဆေးများ၊ အစမ်းစာများကို စုစည်းထားသည့် စာအုပ်ကလေး။ နွေလယ်မှာ ကျွန်တော် ထိုစာအုပ်ကလေးကို ပြန်လည်ဖွင့်ဖတ် ကြည့်ရှုရင်းဖြင့် နွေဦးကျက်သရေဟူသောခေါင်းစဉ်ကို ကောက်လှန်မိသားဖြစ်သွားသည်။ နွေဦးကျက်သရေတဲ့။ ဆရာဇော်ဂျီ၏ အတွေးအမြင် စူးစူးရှရှဖြင့် ရှု ထောင့်တချို့ကို နွေဦးကျက်သရေမှ ကျွန်တော်တို့ရရှိခဲ့ဖူးသည်။ ခံစားခဲ့ဖူးသည်။ ဉာဏ်ပညာများလည်း လင်းလက်သွားခဲ့ဖူးသည်။ ကျွန်တော်သည် စာအုပ်ပုံများရှင်းရင်း ထိုနွေဦးကျက်သရေကို တွေး နေမိခဲ့သည်။ 
  • Wed 03 Apr 2019 - 10:34
    သင်္ကြန်ပိတ်ရက်အပြီးတွင် အနည်းဆုံးအခကြေးငွေ ပြန်လည်သုံးသပ်မှုဆိုင်ရာ အစည်းအဝေးများပြုလုပ်ရန်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
  • Wed 03 Apr 2019 - 10:13
    သင့်သူငယ်ချင်းများနှင့်ဖြစ်စေ၊ သူစိမ်းတစ် ဦးနှင့်ဖြစ်စေ သာမန် ခိုက်ရန်ဖြစ်ပွားမှု တစ်ခုသည် ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်မှု၏အစဖြစ်သွားနိုင်ပါသည်။ လမ်းတွင် မတော်တဆထိမိခြင်း၊ သမီးရည်းစားလုဖက် အချင်း ချင်း၊ လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲအကြောင်း ငြင်းခုံရင်း ခိုက်ရန်ဖြစ်ပွားမှုမျိုးကပင် ဘာ သာမတူသူများ ဖြစ်ပါက ယင်းကို အသုံးချရန် ဘာသာရေး၊ လူမျိုး ရေး အဓိကရုဏ်းဖြစ်အောင်၊ တို့မီးရှို့မီးဖြစ်အောင် လုပ်မည့်သူများ ပေါများလာ၍ ဖြစ်ပါသည်။ မည်ကဲ့သို့ ရန်ပွဲမျိုးဖြစ်ပါစေ ရန်ဖြစ်သူများသည် မည်သည့်ဘာသာဝင် ဖြစ်သည်ကိုသာ ကြည့်၍ ဆုံးဖြတ်မည့်သူများနေခြင်းသည် မြန်မာနိုင်ငံတွင် အချိန်မရွေး မီးထတောက်ရန် လောင်စာများ နိုင်ငံတစ်ဝန်း ရှိနေခြင်းနှင့် တူနေသည်။
  • Wed 03 Apr 2019 - 10:10
    အာဏရြပြီးချိန်တွင် ကြိုတင် ကြေညာထား သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကတိက ဝတ်များထဲမှ အဓိကတစ်ခုကို အ ကောင်အထည်ဖော်ရန်  နှောင့် နှေးနေသည်ဟူသော ဝေဖန်မှုတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကြုံခဲ့ရသည်။  ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးဟူသည်မှာ ကတိကဝတ် ဖြစ်မလာမီ  အထက်ပါရွေး ကောက်ပွဲမတိုင်မီကတည်းက ဒီချုပ်တို့ အစဉ်တစိုက်ကြွေးကြော် နေသော အကြောင်းခြင်းရာ တစ်ခုလည်းဖြစ်သည်။ အာဏာရပြီး မကြာမီ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းရန် ဒီချုပ်အစိုးရအဖွဲ့ သည် ငြိမ်းချမ်းရေးစားပွဲဝိုင်းများ ဆီ အာရုံစိုက်ခဲ့သော်လည်း လက်တွေ့တွင် ရှေ့မတိုး နောက်မဆုတ် ကြုံနေရသည်။ ထို့ကြောင့် ယင်းသည် မှန်ကန်သော ချဉ်းကပ်မှု ဟုတ်၊ မဟုတ် မေးခွန်းထုတ်မှုများ ရှိလာသည်။ 
  • Wed 03 Apr 2019 - 10:05
    တနင်္သာရီတိုင်းဝန်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ ဖြင့် အမှုတွဲလေးခုခွဲကာ ဖမ်းဆီး  ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတက  မတ်လ ၁၁ ရက်တွင် ဒေါက်တာ လဲ့လဲ့မော်ကို ၀န်ကြီးချုပ်တာဝန်မှ  ရပ်စဲခဲ့သည်။ ကိုးရက်အကြာတွင် တိုင်းအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန် ကြီးနှင့် လျှပ်စစ်ဝန်ကြီးတို့ပါ ၎င်း တို့၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့ရာမှ တနင်္သာ ရီတိုင်းအစိုးရအဖွဲ့အတွင်း အ ပြောင်းအလဲများဆက်တိုက်ဖြစ် ပေါ်ခဲ့သည်။ ထို့နောက်အသက် (၄၆) နှစ်အရွယ် တိုင်းအစိုးရအ ဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဦးမြင့် မောင်ကို နိုင်ငံတော်သမ္မတက  ၀န်ကြီးချုပ်အဖြစ် မတ်လ ၂၂ ရက်တွင် ခန့်အပ်ခဲ့သည်။ ဦးမြင့် မောင်သည် ၂၀၁၅ ရွေးကောက် ပွဲတွင် ကော့သောင်းမြို့နယ်မဲ ဆန္ဒနယ်အမှတ် (၂) တိုင်းလွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေး ချယ်ခံရသည်။ ၎င်းသည် တနင်္သာ ရီတိုင်း ဒီချုပ်ပါတီအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူး လည်းဖြစ်သည်။ 
  • Wed 03 Apr 2019 - 10:02
    အညာ၏ နွေနေ့ခင်းသည် ချွေးတစိုစိုနှင့် ပူ လောင် လှပါ၏။ မကြာခင်ကမှ ချွေးဒီးဒီးကျကာ ချက်ပြုတ်ထားသော ထမင်းဟင်း တွေကို သားလေးမောင်စိုးနိုင်တစ် ယောက် ဇလုံတစ်လုံးနှင့် အားရ ပါးရ စားသောက်နေသည်ကို မြင် ရတော့ ဒေါ်ရွှေတင်တစ်ယောက် ကြည်နူးရသည်။ သားလေးနှင့်အ တူ ထမင်းလက်ဆုံနွှဲရင်း တပျော် တပါး စားနေမိ၏။ အသားလေး တစ်ခွက်ပါမှ စားတတ်သော သားလေးတစ်ယောက် ဒီနေ့တော့ အသားဟင်းတစ်ခွက် ပါသဖြင့် အမေ့ကို ဂျီမကျ။ ဒေါ်ရွှေတင် စိတ်ချမ်းသာရပါသည်။ သားလေးဆို၍ အသက် ငယ်ငယ်ရွယ်ရွယ်လို့များ ထင်စ ရာရှိသည်။ မဟုတ်ပါ။ ဒေါ်ရွှေ တင် သားလေးသည် ၀၀ဖြိုးဖြိုး၊ လူကောင်ကြီးကြီးဖြင့် အသက် (၅၁)နှစ်ပင် ရှိချေပြီ။ ဒေါ်ရွှေတင် ကိုယ်တိုင်လည်း အသက်(၇၃)နှစ် ရှိလေပြီ။ တကယ်ဆို ဒေါ်ရွှေတင် သားပင် မြေးချီရမည့်အရွယ် ရောက်နေပြီဖြစ်သည်။ သို့သော် ဒေါ်ရွှေတင်အဖို့တော့ သားလေး မောင်စိုးနိုင်သည် တကယ့်ပီဘိ ကလေး။ ရင်ခွင်ပိုက်ကလေး သာသာပင်။
  • Wed 03 Apr 2019 - 09:56
    ကိုမျိုးအောင် ကျောက်ဆည်မြို့သို့ပြန်ရန် အောင်မင်္ဂလာအဝေးပြေးတွင် ကားလက်မှတ်သွားရောက်စုံစမ်းနေသည်မှာ သုံး ရက်ရှိပြီဖြစ်သည်။ သင်္ကြန်အလုပ် စပိတ်မည့်ဧပြီ ၁၂ ရက်ထွက်မည့်ကားလက်မှတ်ရရန် သွားရောက်စုံစမ်းမေးမြန်းရာ ကားဂိတ်အများစုက ယင်းနေ့အတွက် လက်မှတ်မရှိတော့ဆိုသည့် အဖြေများသာရသည်။
  • Wed 03 Apr 2019 - 09:54
    တာချီလိတ် မြို့နယ်၏ နံနက်ခင်းက မြူနှင်းများ ကျဆင်းအုံ့မှိုင်း နေသော်လည်း ဦးခန့်ဝင်းတစ် ယောက် နေထိုင်ရသည်မှာ ချမ်း အေးမှုမရှိဘဲ အိုက်စပ်စပ်ခံစားနေ ရသည်။ အိမ်တံခါးကိုဖွင့်၍ ပတ် ဝန်းကျင်အခြေအနေကို လှမ်း ကြည့်စဉ် ၎င်း၏ မျက်လုံးထဲသို့ အမှုန်အမွှားများ ဝင်လာသဖြင့် မျက်ရည်ပူများ ကျဆင်းလာ၏။ ချက်ချင်းပင် တံခါးများပိတ် ၍ မျက်ရည်ပူကျသည့်ဒဏ်ကို သက်သာစေရန် မျက်လုံးကို ရေ ဖြင့် သန့်စင်နေစဉ် ရပ်ကွက်အ တွင်း လော်စပီကာဖြင့် လိုက်လံ သတိပေးသံကို ကြားရသည်။ ‘‘လေထုညစ်ညမ်းမှုများ ဖြစ် ပေါ်နေတာကြောင့် ချောင်းဆိုး ရောဂါရှိသူများ၊ သက်ကြီးရွယ်အို များ အိမ်အတွင်းသာ နေထိုင်ကြ ပါရန်၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဝေဒနာများ ခံစားရပါက နီးစပ်ရာ ဆေးရုံကို အမြန်ဆုံး သွားရောက်ကြပါရန်’’ ဆိုသည့် သတိပေးနှိုးဆော်သံ ဖြစ်သည်။ တာချီလိတ်မြို့တွင် နယ်စပ်ဖြတ် ကျော် မီးခိုးငွေ့များကြောင့် လေ ထုညစ်ညမ်းမှုများဆိုးရွားစွာ ဖြစ် ပေါ်နေ၍ မြို့အာဏာပိုင်များက လိုက်လံသတိပေးနေခြင်းဖြစ် သည်။
  • Wed 03 Apr 2019 - 09:48
    နေပြည်တော်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ပညာပေးအဖြစ်တင်သည့် ၂ မိနစ် နှင့် ၅၆ စက္ကန့်သာရှိသော ဗီဒီယိုဖိုင်တစ်ခုက ကချင်ပြည်နယ်ရှိ နယ်စွန်နယ်ဖျား ရွာလေးတစ်ရွာမှ ဒေါ်လုနန်တို့ မြေးအဘွားတစ်စု ကို ငိုပွဲဆင်စေခဲ့သည်။  တရုတ်နိုင်ငံတွင် လူကုန်ကူးခံထားရသူ အမျိုးသမီးတစ်ဦးကို အခြားအမျိုးသမီးတစ်ဦးက ရိုက်နှက်နေသည့် ဗီဒီယိုဖိုင်ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မတ်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။  အနီရောင်ဖျော့ဖျော့ အနွေးထည်ဝတ်ထားသည့် အမျိုးသမီး၏ ပါးနှင့် မျက်နှာ နေရာအနှံ့ကို အခြားအမျိုးသမီးတစ်ဦးက ရိုက်နှက်ကာ ဆဲဆိုကြိမ်းမောင်းနေသည့် ဗီဒီယိုဖိုင်က ဖေ့စ်ဘွတ်ခ်သုံးစွဲသည့် လူထုကြား အလျင်အမြန် ပျံ့နှံ့သွားသည်။ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ နယ်စွန်နယ်ဖျား ရွာလေးတစ်ရွာဖြစ်သော ဝူယန်ကျေးရွာလေးဆီသို့ ယင်းဗီဒီယိုဖိုင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး ဒေါ်လုနန်တို့ မြေးအဘွားတစ်စု ကြည့်လိုက်ရ သည်။ 
  • Wed 03 Apr 2019 - 08:57
    ရန်ကုန်တိုင်းအတွင်း ဆိုင်ဖွင့်ပွဲတစ်ခုမှာပါ။ ဝတ်ကောင်းစားလှတွေ ခံ့ခံ့သန့်သန့် ဝတ်ဆင်ထားတဲ့ လူကြီးတစ်ဦးက စတီးဗန်းထဲက ကတ်ကြေး ထက်ထက်တစ်လက် ကို လှမ်းယူလိုက်ပါတယ်။ ပြီး တော့ ရှေ့မှာ အသင့်ရှိနေတဲ့ ကြိုး ကို ညှပ်ချလိုက်ပါတယ်။ ဝါနီပြာ အရောင်စုံတဲ့ မိုးပျံ ပူဖောင်းတွေဟာ အတွဲလိုက် လေထဲကို တက်သွားပါပြီ။ ရောင်စုံ မိုးပျံပူဖောင်းအုပ်လိုက်ကြီးဟာ တဖြည်းဖြည်း ပျံတက်သွားရာက နေ သေးသေးလေးပဲ မြင်ရပါ တော့တယ်။ နောက်တော့ မျက်စိ ရှေ့ကနေ လုံးဝပျောက်သွားတဲ့ အထိ အဆုံးမရှိတဲ့ လေပြင်ကျယ်ကြီးထဲ မျောသွားပါတော့တယ်။ 
  • Tue 02 Apr 2019 - 20:03
    နိုင်ငံတွင် စိတ်ဝမ်းကွဲ မည့် ကိစ္စရပ်များကို လွယ်လွယ်ဖြင့် မလုပ်ရန်နှင့် ရင်ကြားစေ့ရေး ကိစ္စများသာ အထူးအလေးထား လုပ်စေချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။
  • Tue 02 Apr 2019 - 20:02
    ကုလားတန်ဘက်စုံသုံး စီးမံကိန်း၏ လမ်းတည်ဆောက် ရေးလုပ်ကိုင်နေသည့် ချင်းပြည် နယ် ပလက်ဝမြို့နယ်ရှိ ဆုထူးစံ ကုမ္ပဏီမှ ဝန်ထမ်းအချို့ကို AA အဖွဲ့က ဖမ်းဆီးပြီး ကုမ္ပဏီပိုင် စက်ယန္တရားအချို့ကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်က ဧပြီ ၂ ရက်တွင် သတင်းထုတ်ပြန် သည်။
  • Tue 02 Apr 2019 - 20:02
    ရခိုင်လက်နက်ကိုင် အဖွဲ့(AA)အကြောင်း မကောင်းရေးပါက တိုက်ခိုက်မည်ဟူသော သဘောရသည့် စာများ သတင်းဌာနအချို့ထံရောက်ရှိလာခြင်းမှာ ၎င်းတို့၏ လက်ချက်မဟုတ် ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။
  • Tue 02 Apr 2019 - 19:03
    တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ငါးခုတွင် ဧပြီ ၂ ရက်ကစ၍ ညမထွက်ရအမိန့် (ပုဒ်မ - ၁၄၄) ထုတ်ပြန်ခဲ့ရာ ယင်းအမိန့်ထုတ်ပြန်ထားသည့် မြို့နယ်ခုနစ်ခုအထိ ရှိလာပြီဖြစ် သည်။
  • Tue 02 Apr 2019 - 19:03
      ပါတီကိုယ်စားပြု မြို့နယ်စည်ပင်ကိုယ်စားလှယ် လောင်းရွေးချယ်မှုအပေါ် ကျေနပ်ခြင်းမရှိ၍ အင်းစိန်မြို့နယ်ပါတီ ဝင်အချို့ နုတ်ထွက်သည်မှာ မှန် ကန်ကြောင်း ရန်ကုန်တိုင်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက အ တည်ပြုသည်။
  • Tue 02 Apr 2019 - 19:01
     ရဲတပ်ဖွဲ့ဝင်များ၏ ဖြောင့် မတ်မှန်ကန်စွာ လုပ်ဆောင်နိုင်မှု အခြေအနေအပေါ် ပြည်သူလူထု ကျေနပ်မှုမရှိသည်ကို သိရှိသည် ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
  • Tue 02 Apr 2019 - 18:21
    ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တပ်မတော်က အမှုဖွင့်ထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့မရဲစခန်းက ယမန်နေ့တွင် အာမခံပေးခဲ့သည်။
  • Tue 02 Apr 2019 - 17:30
    (၂)ကြိမ်မြောက်အောင် ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်နေ လူငယ်ဇနီးမောင်နှံက ဆွတ်ခူးကြောင်း ယင်းထီ လက်မှတ်ရောင်းချခဲ့သည့် ရတ နာသိန်းထိုက်အောင်ထီဆိုင်မှ တာဝန်ရှိသူက ပြောသည်။ ကိုပြည့်ဖြိုးမောင်နှင့် မလွင်လွင်ဦးတို့ ဇနီးမောင်နှံသည် ကျောင်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်ဇာတိဖြစ်ပြီး ငွေဆောင်ကမ်းခြေတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
  • Tue 02 Apr 2019 - 17:28
     ရွှေတိဂုံစေတီ တော်ပြုပြင်ရန် လိုအပ်ချက် ခုနစ်ခုကို ငြမ်းဆင်၍ ဆောင်ရွက်မည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဧပြီ ၁ ရက် တွင် သတင်းထုတ်ပြန်သည်။

Pages

Subscribe to News