News

  • Wed 12 Jun 2019 - 17:16
    ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်တွင် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးလင်းရေး၊ လမ်းတံတားလုပ် ငန်းအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် ကျပ် ၇၇၂ ဘီလီယံ ကျော်သုံးစွဲရန် လျာထားသည်။ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉ -၂၀ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း (လျာထား ချက်)ကို ဇွန်လ ၁၁ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေးသို့ရန်ကုန်တိုင်းအစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့် သောင်းက ပြောကြားသည်။
  • Wed 12 Jun 2019 - 17:15
     မြန်မာတစ်နိုင်ငံလုံးရှိ သစ်ပင်ချစ်သူများ တက်ရောက် ဆွေးနွေးမည့် သစ်ပင်ချစ်သူများ ညီလာခံကို ရန်ကုန်မြို့တွင် ပြုလုပ်မည်ဟု ညီလာခံ ဖြစ်မြောက်ရေးကော်မတီ တွဲဖက်အတွင်း ရေးမှူး ကိုဇော်ထွန်းအောင်က ပြောသည်။ မြန်မာတစ်နိုင်ငံလုံး သစ်ပင်ချစ်သူများ ညီလာခံကို  ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင် ရန်ကုန်မြို့ Sky Star ဟိုတယ်၌ နှစ်ရက်ကြာပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ၎င်းက ပြောသည်။
  • Wed 12 Jun 2019 - 17:14
      ‘‘ကျွန်မတို့ ဘယ်သူလဲဆိုတာကို သတ်မှတ်မယ့် တခြားသူတွေရဲ့ အကန့်အသတ်ရှိနေတဲ့ သဘောထားအမြင်တွေကို ခွင့်ပြုလို့မရပါဘူး။’’ - ဗာဂျီးနီးယားဆာတား(အမေရိကန်စာရေးဆရာမ)
  • Wed 12 Jun 2019 - 16:16
     စီမံကိန်းအမျိုးမျိုးနှင့် သု  တေသနလုပ်ငန်းများတွင် ထိ ရောက်စွာ အသုံးပြုနိုင်မည့် နည်း ပညာဆိုင်ရာ Remote Sensing & GIS သင်တန်းကို မုံရွာတက္က သိုလ်၌ ဖွင့်လှစ်ခဲ့ကြောင်း ယင်း တက္ကသိုလ်ရှိ ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာဇော် မြင့်နီကပြောသည်။
  • Wed 12 Jun 2019 - 13:15
    ကိုရီးယားနိုင်ငံရှိ ပင်လယ်ငါးဖမ်း လုပ်ငန်းအတွက် မြန်မာအလုပ်သမားစေလွှတ်မှုခွင့်ပြုထားသော်လည်း သွားရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှုနည်းပါးနေသေး ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။
  • Wed 12 Jun 2019 - 12:52
    လေးမြို့ မြစ်ကမ်းဘေး ကျေးရွာလေး တစ်ရွာတွင် နေထိုင်ပြီး တောင်ယာလုပ်ကိုင်သည့် အသက်(၈၆)နှစ်အရွယ် ဦးစိန်ရွှေဖြူတို့မိသားစုအတွက် ဇွန်လ ၃ ရက်မှာ ပြဿဒါးနေ့ဖြစ်သည်။ ဦးစိန်ရွှေဖြူတို့ နေထိုင်ရာ မင်းပြားမြို့နယ် စပါးထားကျေး ရွာအနီးတွင် ထိုနေ့နံနက်အစော ပိုင်းကပင် တိုက်ပွဲဖြစ်ပွားပြီး ပစ် ခတ်သံများဖြင့် ဆူညံနေသည်။ ဦးစိန်ရွှေဖြူတို့ မိသားစုမှာ နေအိမ်အောက်ရှိ ဗုံးခိုကျင်းတွင် စိုးရိမ်စိတ်ဖြင့် ပုန်းအောင်းနေခဲ့ ကြသည်။
  • Wed 12 Jun 2019 - 12:47
    ရန်ကုန်မြို့နှင့် မိုင် ၂၀ ခန့် ဝေးသော ပဲခူးရိုးမအစပ်ရှိ နှစ်ဧကကျော်ကျယ်သည့် ခြံဝင်းတစ်ခုအရှေ့ သို့ သူစိမ်းတစ်ဦး ရောက်သည်နှင့် ရာနှင့်ချီသော ခွေးများစွာ၏ အဆက်မပြတ် ထိုးဟောင်သံများ ကို ကြားလိုက်ရသည်။ အုတ်တံတိုင်းဖြင့် လုံခြုံစွာ ကာရံကာ သံပန်းတံခါးတပ်ဆင် ထားသည့် ထိုခြံဝင်းမှာ တိရစ္ဆာန် အထူးကုဆရာဝန် ဒေါက်တာနေ လင်းထွန်းက လမ်းဘေးခွေးများ ကို စောင့်ရှောက်ပေးနေသည့် EART အမည်ရှိ ဂေဟာဖြစ်သည်။ ခြံဝင်းအတွင်းသို့ သူစိမ်း ဧည့်သည်များ ဝင်ရောက်ပါက ဟောင်နေသော ခွေးများမှာ ယင်း သူစိမ်းအနီးသို့ အလုအယက်တိုးကပ်ကြသည်။
  • Wed 12 Jun 2019 - 12:43
    ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာ နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ သည့် တရုတ်သံအမတ်သည် တာဝန်ပြီးဆုံးပြီး ပြန်လည်ထွက်ခွာ တော့မည်ဖြစ်သည်။ သံအမတ်၏ မြန်မာနိုင်ငံတွင် တာဝန်ထမ်း ဆောင်ခဲ့သည့် လေးနှစ်တာသက်တမ်းအတွင်း တရုတ်-မြန်မာ ဆက်ဆံရေးတွင် မကြုံစဖူး အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ သည်။ ထိုကာလအတွင်းတွင် မြန်မာ့ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး  ဖြစ်စဉ်များနှင့်အတူ အနောက်နိုင်ငံများနှင့် ဆက်ဆံ ရေး ပြန်လည်ကောင်းမွန်လာ ခြင်း၊  မြစ်ဆုံဆည်စီမံကိန်း ရပ် နားခြင်းများကြောင့် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရသော တရုတ် မြန်မာဆက်ဆံရေးသည် အေး စက်နေခဲ့ရာမှ ပြန်လည်အရောင် အသွေးစုံလင်လာခဲ့သည်။ 
  • Wed 12 Jun 2019 - 12:38
    ၂၀၂၀ ရွေးကောက်ပွဲ တစ် နှစ်ခွဲခန့် လိုနေသေး ချိန်တွင် အာဏာရပါတီ၏  ထုတ်ဖော်ပြောကြားမှုတစ်ရပ်က မြန်မာနိုင်ငံရေးဇာတ်ခုံကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေသည်။  သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့  ၂၀၂၀ ရွေးကောက်ပွဲဝင်မည့်သတင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ခပ်စောစောပင်  ဖွင့်ဟကြေညာလိုက်ခြင်းကြောင့်ပင်။ နေပြည်တော်၌ ပြုလုပ်သည့် ဒီချုပ် ဗဟိုအလုပ်အမှုဆောင်အ စည်းအဝေးအပြီးတွင် ပါတီပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ထိုသို့ ပြောခြင်းဖြစ်သည်။ ‘‘တိုင်းပြည်အတွက် ကျွန်တော်တို့  သူတို့ရဲ့လုပ်အားကို လိုအပ်ပါ တယ်’’ ဟု ဒေါက်တာမျိုးညွန့်က  သတင်းထောက်များအား ပြော သည်။ယခုလို ထုတ်ဖော်ပြောဆို လိုက်ခြင်းသည် ၂၀၂၀ အလွန် တွင် အစိုးရဖွဲ့နိုင်ခဲ့ပါက ဒေါ် အောင်ဆန်းစုကြည်နှင့် ဦးဝင်း မြင့်တို့သည် လက်ရှိအခြေအနေ အတိုင်း အစိုးရအဖွဲ့ကို ဆက် လက်ဦးဆောင်မည်ဟု သတင်းစ ကားပင်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
  • Wed 12 Jun 2019 - 12:28
    တ၀ုန်းဝုန်း မြည်နေသော အသံတွေကြောင့် သူသတိတွေ ၀င်လာခဲ့ သည်။ သူ့မျက်စိတွေ ဖွင့်ထား သော်လည်း မှောင်မည်းနေသည်။ ဘူး….ဘော်..။ ရထားဥသြဆွဲသံကြားလိုက်ရသည်။ သူ ဒိန်းခနဲ ရင်တွေခုန်သွားသည်။  သူ ရထားတွဲတစ်တွဲပေါ် ရောက်နေတာပဲ။ သူ ဘာလို့ ရထားတွဲပေါ်ရောက် နေတာလဲ ပြန်စဉ်းစားသည်။  သေသေချာချာ ပြန်တွေးကြည့်တော့မှ မနေ့က တစ်ခါမှ မမြင်ဖူးသည့် လူစိမ်းနှစ်ယောက်  သူ့ကို ကုန်တင်သည့် ရထားတွဲလွတ် တစ်တွဲပေါ် တက်ခိုင်းခဲ့တာတွေ ပြန်မြင်လာသည်။  သူ ကြောက် စိတ်တွေ ၀င်လာသည်။  သူ ဒီရထားတွဲထဲကနေ ထွက်မှရတော့မည်။
  • Wed 12 Jun 2019 - 12:20
    အစိုးရက တင်ဒါလုပ်ငန်းစဉ် အဆင်ပြေစေရေး အတွက် ရည်ရွယ်ပြီး အချိန်ကာလ သတ်မှတ်ချက် ပြောင်းလဲခဲ့သော ဘဏ္ဍာရေးနှစ်၏ ပထမခြောက်လပြည့်ချိန်တွင် ထွက်ပေါ်လာသော ဆန်းစစ်ချက်တစ်ခုက မှန်းချက်နှင့် နှမ်းထွက် မကိုက်သည်ကို တွေ့မြင်ရသည်။ အစိုးရတင်ဒါများနှင့် ပတ် သက်ပြီး ဘဏ္ဍာနှစ်ပြောင်းလဲ ဆောင်ရွက်မှု၏ အခြေအနေကို  ဇွန်လ  ၄ ရက် လွှတ်တော်တွင် တင်ပြလိုက်သည့် ပြည်ထောင်စု   လွှတ်တော် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ အစီရင်ခံစာ  က မီးမောင်းထိုးပြလိုက်ခြင်းဖြစ် သည်။
  • Wed 12 Jun 2019 - 12:18
    အင်္ဂလိပ် အက္ခရာ ‘ကိုး’ နှင့် ‘ခြောက်’ ကို သူတို့၏ မျက်နှာတစ်ဖက် တစ်ချက်စီတွင် ဆေးနီဖြင့် ခပ်ထင်ထင် ရေးခြယ်ထားသည်။ အချို့က ကျောင်းစိမ်းအင်္ကျီ ခပ်နွမ်းနွမ်းနဲ့ လွယ်အိတ်တစ်လုံးစီကို လွယ်ထားသည်။ အင်္ကျီဖရိုဖရဲနှင့် ပုဆိုးအဟောင်းလေးကို ကျစ်ကျစ်ပါအောင် ၀တ်ထားသူလည်းပါသည်။ ခြေတုနှင့် ပုဂ္ဂိုလ်တစ်ဦးကတော့ လမ်းမထက်တွင် ထိုင်လျက်။ အသေအချာ ကြည့်ရင်တော့ ပါးပြင်ရှိ အနီရောင်စာသား များ အပေါ်တွင် တွဲခိုနေသည့် မျက်ရည်စများကို တွေ့နိုင်သည်။  ယင်းသည် ၂၀၁၉ ဇွန်လ ၉ ရက်က မြစ်ကြီးနားမြို့လယ်တွင်  ပြုလုပ်သည့် တေးသရုပ်ဖော်မှုအ ပြီး မြင်ကွင်းပင် ဖြစ်သည်။ မျက်နှာထက်ဆေးနီများပျက်လောက် အောင် ၀မ်းနည်းတကြီး တင်ဆက်နေသများ၌ ကချင်ပြည်နယ် စစ်ဘေး၏ ဆိုးကျိုးကို အမှန်တကယ် ခံစားနေရသူများ ပါဝင်ခဲ့သည်။
  • Wed 12 Jun 2019 - 12:15
    လက်ရှိအချိန်တွင် မြန်မာသာမက နိုင်ငံတကာစာမျက်နှာတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ဝေဖန်မှု၊ မေးခွန်းထုတ်ခံရမှုဖြင့် ရင်ဆိုင်နေရပြီး အမုန်းတရားဖြန့်ချိသည့် သင်္ကန်းဝတ်ရဟန်းအချို့ကြောင့် သာသနာတစ်ခုလုံးကိုပါ နစ်နာမှုများရှိနေသည့် အခြေအနေ၊ သာသနာတော်ပြန့်ပွားရေး အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဗုဒ္ဓသာသနာကို မည်သို့ကာကွယ်သင့်သနည်း၊ ဖမ်းဝရမ်းထုတ်ခံထားပြီး ရှောင်တိမ်းနေသည့် ဦးဝီရသူက သံဃ၀ိနည်းများနှင့် ညီညွတ်ပါသလား စသည့်မေးခွန်းများကို 7Day News က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇမင်းကျောင်း ပထမပြန်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ သက်တော်(၇၃)နှစ်၊ ၀ါတော်(၅၃) နှင့် တွေ့ဆုံလျှောက်ထားမေးမြန်းထားသည်များထဲမှ အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြအပ်ပါသည်။
  • Wed 12 Jun 2019 - 12:12
    ကျောင်းတိုက်မှ  အပြင်သို့  ထွက်ရန် ဆရာတော်အရှင် ထာဝရအဝါရောင်သင်္ကန်းကို  ရှာဖွေ နေသည်။ ပုံမှန်အားဖြင့် အနီ ရောင်သင်္ကန်းကိုသာ ဝတ်ရုံလေ့ ရှိသော အရှင်ထာဝရမှာ ယခု နောက်ပိုင်းတွင်တော့ အဝါရောင် သင်္ကန်းကို မဖြစ်မနေဝတ်ရုံနေရ ပါသည်။ နော်ဝေးနိုင်ငံ အော်စလို မြို့ရှိ ဓမ္မသုခကျောင်းတိုက်ဆရာ တော် အရှင်ထာဝရ အပြင်ထွက် သည့်အခါတိုင်း လုပ်ဆောင်နေရ သောအရာဖြစ်သည်။ 
  • Tue 11 Jun 2019 - 18:00
    ဦးဝီရသူကို လတ်တ လောဖမ်းဆီးရမိခြင်း မရှိသေး သဖြင့် မျက်ကွယ်၌ အမှုဆက်လက်စစ်ဆေးရန် အနောက်ပိုင်း ခရိုင်တရားရုံးက ယမန်နေ့တွင် အမိန့်ချခဲ့သည်။
  • Tue 11 Jun 2019 - 17:55
    ရခိုင်ပြည်နယ် ပုဏ္ဏား ကျွန်းမြို့နယ် ပေါက်တောပြင်ဘုန်း ကြီးကျောင်းရှိ စစ်ရှောင်စခန်းကို မြို့နယ်သံဃနာယကနှင့် သာသ နာရေးဦးစီးဌာန၏ ခွင့်ပြုချက်ရ ယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ဝင်ရောက်စစ်ဆေး ခဲ့သည်။
  • Tue 11 Jun 2019 - 17:54
    ကိုရီးယားနိုင်ငံမှ မော် တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော DAEWOO က SKD (အစိတ်အပိုင်းများ တင်သွင်းထားပြီး ပြန်လည်တပ်ဆင် ထုတ်လုပ်သည့်စနစ်) ဖြင့် ပြည်တွင်း၌ တစ်နှစ်လျှင် ဘတ်စ်ကားအစီးရေ ၅၀၀ ထုတ်လုပ်မည်ဖြစ် ကြောင်း ယမန်နေ့က ထုတ်ပြန် သည်။
  • Tue 11 Jun 2019 - 17:54
    အဂတိလိုက်စားမှုဖြင့် ထားဝယ်အကျဉ်းထောင်၌ ထိန်း သိမ်းခံနေရသည့် တနင်္သာရီဝန် ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့ မော်ကို ထောင်ဝင်စာတွေ့ရန် ဒီချုပ်ဗဟိုသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်သည် ဇွန်လ ၁၂ ရက်တွင် သွားရောက်မည်ဟု ပါတီဝင်အချို့က ပြောသည်။
  • Tue 11 Jun 2019 - 17:53
    ရန်ကုန်တိုင်းတွင် ယခု နှစ် ငါးလအတွင်း သွေးလွန်တုပ် ကွေးရောဂါကြောင့် လူ ရှစ်ဦး သေဆုံးကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။
  • Tue 11 Jun 2019 - 17:24
     ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများကို ပြန်လည်လက်ခံ ရန် နှောင့်နှေးနေမှုအပေါ် ဘင်္ဂ လားဒေ့ရှ်ဝန်ကြီးချုပ် မစ္စစ်ရှိတ် ဟာဆီနာက မြန်မာအစိုးရကို ဝေဖန်ပြစ်တင်သည်။

Pages

Subscribe to News