အတွဲ(၁၈)၊ အမှတ်(၁၄)

Issue Date: 
Tuesday, June 11, 2019
Myanmar Date: 
၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် (ဗုဒ္ဓဟူး၊ ဇွန် ၁၂ ၊ ၂၀၁၉)
Publication: 
7Day Daily

List of stories

  • Thursday 2019-06-13
    တိုင်းပြည်ရဲ့ လွတ်လပ် ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်ကို ဒီကနေ့အချိန်အထိ အပြည့်အဝ မငြှိမ်းသတ်နိုင်သေးသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို အရှိန်အဟုန်အပြည့် အကောင်အထည် မဖော်နိုင်သေးပါဘူး။ ဒီမိုကရေစီမူတွေအပေါ် အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုတဲ့ ဦးတည်ချက်ကို အရေးပါတဲ့ အမျိုးသားရေးအင်အားစုအားလုံးက လက်ခံထားကြပေမယ့် ဘယ်လိုထူထောင်မလဲဆိုတဲ့ မူဝါဒအပိုင်းနဲ့ လုပ်ငန်းစဉ် ကိစ္စရပ်တွေမှာတော့ အမျိုးမျိုးအဖုံဖုံ ကွဲပြားမှုတွေက လွှမ်းမိုးနေဆဲပါ။ 
  • အားကောင်းသော ပြည်တွင်းဈေး ကွက်များရှိမှသာ တရားမ၀င် ကျောက်စိမ်းရောင်းဝယ်မှု လျော့ နည်းသွားမည်ဟု မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးလဖိုင်ခွန် ဆာက 7Day Daily သတင်းစာ အားပြောသည်။
  • တရုတ်၏ရပ်ဝန်းနှင့် ပိုးလမ်းမ စီ မံကိန်းတွင်ပါဝင်နေသော မူဆယ် နယ်စပ်စီးပွားရေးဇုန် အကောင် အထည်ဖော်ရန် ယခုလအတွင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် များကို စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI)များ ဖိတ်ခေါ်မည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောသည်။
  • ရန်ကုန်မြို့တွင် ကွန်ဒို၊ တိုက်ခန်း များနှင့် အုတ်ဖြင့် တည်ဆောက် ထားသော အိမ်များ၌နေနိုင်သည့် မိသားစု ၂၅ ရာခိုင်နှုန်းခန့်သာရှိ ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံမြို့ပြဖြစ်ထွန်းမှု အစီရင်ခံစာ ၌ ဖော်ပြထားသည်။
  • နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်သစ်တောစိုက်ခင်းများမှ ထွက်ရှိသောသစ်များကို သစ်တောဦးစီးဌာနက အဆင့်ဆင့်စိစစ်၍ ပြည်ပသို့ အလုံးလိုက် တင်ပို့ခွင့်ပြုမည်ဟု သစ်တောဦးစီးဌာနကထုတ်ပြန်သည်။
  • ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တွင် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ်ကျစေရေးနှင့် အမှိုက်ပုံးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်မည်ဟု ‘ဒို့အိမ်’ အဖွဲ့က သတင်းထုတ်ပြန်သည်။
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဇွန်လ ၁၉ ရက်တွင်သစ်ပင်စိုက်ပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန ဒုညွှန်ချုပ် ဦးကျော်ကျော်လွင်ကပြောသည်။
  • လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့အကြား ခြောက်ညအိပ် ခုနစ်ရက်ခရီး (သို့မဟုတ်) နှစ်ညအိပ် သုံးရက်ခရီး လည်ပတ်ခွင့်ပြုရန် ဆောင်ရွက်နေသည်ဟု  ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောသည်။
  • Thursday 2019-06-13
    (တစ်) မြန်မာနိုင်ငံအတွင်းရှိ စာအုပ်စာ ပေသရဲကြီးများ၊ ပညာရပ်ဆိုင်ရာ ဘီလူးကြီးများ၏ စာမျက်နှာများပေါ်က ညွှန်းဆိုမှုများ၊ လက်ဖက်ရည်စားပွဲဝိုင်းများတွင် မစားရဝခမန်း ဖောက်သည်ချမှုများကြောင့် ဟာရာရီ (Yuval Noah Harari)၏ ကမ္ဘာကျော်စာအုပ်ကို ဝယ်ဖြစ်ပါသည်။ ၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု (21 Lessons for the 21st century) ဟူသည့်စာအုပ်။
  • လိုင်စင်မဲ့ဧည့်လမ်းညွှန် များနှင့် လိုင်စင်မဲ့ခရီးသွားကုမ္ပဏီ များ အသုံးပြုနေသည့် တရုတ်ခရီး သွားစာရင်းကို ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနသို့ ဇွန် လ ၁၅ ရက်မတိုင်မီ တင်ပြမည် ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း ဗဟိုအလုပ်အမှုဆောင်  ဦးသန်းနိုင်ကပြောသည်။
  • တရုတ်အခြေစိုက် Spring လေကြောင်းလိုင်းသည် ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို  ဇူလိုင်ကစ၍ ပြေးဆွဲမည်ဟု China Global Television Network  သတင်း တစ်ရပ်က ဖော်ပြသည်။
  • Thursday 2019-06-13
    စတီရီယိုတေးရေးဆရာ၊ ကဗျာဆရာမောင်သစ် မင်း လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်က ရေးသားခဲ့ပြီး ၂၀၀၂ ခုနှစ်က နောက်ဆုံးအကြိမ်ထွက်ရှိခဲ့ကာ ၁၇ နှစ်ကြာမြင့်ပြီးမှ ပြန်လည်ထွက်လာသောစာအုပ်ဖြစ် သည်။ ဆိုရလျှင် စာဖတ်သူများကြား မျိုးဆက်တစ်ခု နီးပါးကြာ ပြတ်တောက်နေသော ၀တ္ထုစာအုပ်လည်း ဖြစ်ပေသည်။ စင်စစ်တွင်မူ ယခုစာအုပ်သည် ခေတ်ပေါ်ဂီတ သမားများ၊ ခေတ်ပေါ်ကဗျာဆရာများနှင့် ဂီတအနု ပညာကို ချစ်မြတ်နိုးသူတိုင်း တမြတ်တနိုးရှိခဲ့သော စတီရီယိုခေတ်ဦးအမြုတေစာအုပ်ဟု ဆိုနိုင်သည်။ ယနေ့ခေတ်တွင် အသက်လေး၊ ငါးဆယ်အရွယ်အတွင်း ချင်းနင်းဝင်ရောက်လာသူများသာမက ငါး ဆယ်ကျော် ခြောက်ဆယ်တန်းအထိ လူကြီးပိုင်းများ ပါ ငယ်စဉ်က တရှိုက်မက်မက်ဖတ်ခဲ့သော စတီရီယို ခေတ်နောက်ခံဝတ္ထုဖြစ်၍ ယခုလိုပြန်ထွက်လာသည့် အခါ လူငယ်များ ဖတ်သင့်သော စာအုပ်တစ်အုပ် လည်း ဖြစ်နေပြန်သည်။
  • လိုင်စင်မဲ့ဧည့်လမ်းညွှန် များနှင့် လိုင်စင်မဲ့ခရီးသွားကုမ္ပဏီ များ အသုံးပြုနေသည့် တရုတ်ခရီး သွားစာရင်းကို ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနသို့ ဇွန် လ ၁၅ ရက်မတိုင်မီ တင်ပြမည် ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း ဗဟိုအလုပ်အမှုဆောင်  ဦးသန်းနိုင်ကပြောသည်။
  • ဟိုဆန်လီသည် တောင်ကိုရီးယား စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှု အစိုးရများ ဆိုင်ရာအဖွဲ့ (IPCC)၏ လက်ရှိ ဥက္ကဋ္ဌဖြစ်သည်။
  • Thursday 2019-06-13
    Fair Observer သတင်းဌာနက နယူးဇီလန်နိုင်ငံ အိုတာဂိုတက္က သိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ရောဘတ်ပတ်မန်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ ဗင်နီဇွဲလားဟာ ပြင်းထန်တဲ့ လူမှုစီးပွားရေးနဲ့ နိုင်ငံရေးပြဿနာရဲ့ အလယ်မှာ ရှိနေပါတယ်။ သမ္မတ နီကိုလပ်စ်မာဒူရိုဟာ ရာထူးက ထွက်ပေးဖို့အတွက် ပြည်တွင်းမှာရော နိုင်ငံတကာက ပါ နှစ်ဖက်စလုံးက ပိုများလာတဲ့ ဖိအားနဲ့ ရင်ဆိုင်နေရပါတယ်။ အ ငြင်းပွားစရာများတဲ့ ရွေးကောက် ပွဲတစ်ရပ်မှာ သမ္မတမာဒူရိုဟာ ဒုတိယမြောက် ခြောက်နှစ်သက် တမ်းအတွက် နိုင်ငံကို ဦးဆောင် ဖို့ ထပ်ပြီးရွေးကောက်ခံခဲ့ရတဲ့ ၂၀၁၈ မေလနောက်ပိုင်းမှာ ပြဿနာဟာ ပိုဆိုးလာခဲ့ပါတယ်။ အတိုက်အခံတွေ ထိန်းချုပ်ထား တဲ့ အမျိုးသားလွှတ်တော်က အဲဒီ ရလဒ်တွေကို အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲလိမ်လည်မှုရှိတယ်၊ မဲလိမ်လည်မှုရှိတယ်လို့ ပြောထား ပါတယ်။ တစ်နှစ်အကြာမှာ ကမ္ဘာတစ်ဝန်း နိုင်ငံ ၅၀ ကျော်က အမျိုးသားလွှတ်တော် လူများစုခေါင်း ဆောင် ဟွန်ဂိုင်ဒိုကို ဗင်နီဇွဲလား ရဲ့ ယာယီသမ္မတအနေနဲ့ အသိ အမှတ်ပြုခဲ့ပါတယ်။
  • Thursday 2019-06-13
    ကိုရီးယားနိုင်ငံရှိ ပင်လယ်ငါးဖမ်း လုပ်ငန်းအတွက် မြန်မာအလုပ်သမားစေလွှတ်မှုခွင့်ပြုထားသော်လည်း သွားရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှုနည်းပါးနေသေး ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။
  • အူရှန်သီနီဂျီဆူကူးမားသည် သူ ၏ နေအိမ်ပြင်ပ ဒီရေတော ရေ ကန်လေး၏ ရွှံ့ရောင်ထွက်နေ သော ရေပြင်တွင် ခြေမျက်စိမြုပ် အောင် မတ်တတ်ရပ်နေသည်။ ရွှံ့နွံထဲသို့ လက်က စမ်းနေစဉ် ဂျီဆူကူးမားက မျက်မှောင်ကုတ် ထားသည်ကို တွေ့ရသည်။ စက္ကန့်ပိုင်းအကြာတွင် သူ၏ မျက်နှာ အောင်ပွဲရသလို ပြုံးရွှင်လာပြီး ကမ်းသို့ ပြန်တက်လာကာ ကျစ် ကျစ်ပါအောင် ဆုပ်ထားသော လက်ဝါးကို ဖြန့်လိုက်ရာတွင် ဖောက်ထွင်းမြင်နိုင်သော ပုစွန် လေးတစ်ကောင် သူ့လက်ထဲတွင် ကူးလွန့်နေသည်။
  • Thursday 2019-06-13
    စာရေးသူသည် လွန်ခဲ့သော ရက်သတ္တပတ် က အီကိုစီးတီး (Eco City)အကြောင်းကို ဆောင်း ပါး ရေးသားခဲ့၏။ အီကိုစီးတီးဟူ သည် ၂၀ ရာစုနှောင်းပိုင်းမှ ပေါ် ပေါက်လာသော မြို့ပြဆိုင်ရာ အယူအဆတစ်ရပ်ဖြစ်သဖြင့် မြန် မာပြည်သူတို့ လွယ်ကူစွာသိရှိစေ ရန် မြန်မာဘာသာဖြင့် ‘သဘာဝ အခြေပြုမြို့’ဟု ဖော်ပြခဲ့ပါသည်။ ယခုတစ်ဖန် နေ့စဉ်နံနက်တိုင်း စာရေးသူနှင့် လမ်းလျှောက်ဖော် ဖြစ်သော စာရေးသူ၏မိတ်ဆွေက မေးခွန်းတစ်ခုမေးမြန်းလာ၏။ ‘‘Urbanization ဆိုတာဘာလဲ’’ ဟူသောမေးခွန်းဖြစ်ပါသည်။ သူ က ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်တွင် ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသော ‘Myanmar Urbanization, Opportunities for all’ ဟူသော ကမ္ဘာ့ဘဏ်၏ အစီ ရင်ခံစာထုတ်ပြန်ပွဲအကြောင်းကို ဖတ်ရှုမိရာမှ မေးမြန်းခြင်းဖြစ် ကြောင်းလည်း ပြောပြပါသည်။ အချို့သတင်းစာများသည် ဘာ သာရပ်ဆိုင်ရာဝေါဟာရများကို ဘာသာပြန်ဖော်ပြလေ့ မရှိ ကြောင်း တွေ့ရှိရပါသည်။ သူတို့ အား အပြစ်မတင်လိုပါ။ သတင်း ပေးသူတို့က ပြည်သူအများနား လည်အောင် မြန်မာဘာသာပြန် (သို့မဟုတ်)မြန်မာလိုအဓိပ္ပာယ် ဖော်ပြချက်များကိုပါ သတင်းဌာန များအတွက် ဖော်ပြပေးပို့သင့်ပါ သည်။ အထူးသဖြင့် မြန်မာဘာ သာပြန်ဆိုချက်ရှိပြီးဖြစ်သော ဝေါ ဟာရများကို မြန်မာဘာသာမသုံး ဘဲ အင်္ဂလိပ်ဘာသာသက်သက် ဖြင့်သာ သတင်းပေးပို့မည့်အစား မြန်မာ-အင်္ဂလိပ်နှစ်သာဘာတွဲ၍ သတင်းပေးပို့ကြရန် မေတ္တာရပ်ခံ လိုပေသည်။
  • Thursday 2019-06-13
    အမေရိကန်အခြေစိုက် ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးနှစ်ခုဖြစ် သော Google နှင့် Apple သည် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် စံမြန်မာစာ စနစ်တစ်ခုဖြစ် သော ယူနီကုတ်ကို ပြောင်းလဲအသုံးပြုရေး လုပ်ငန်းစဉ်အပေါ်တွင် အကျိုးသက်ရောက်မှုရှိစေမည့် အပြောင်းအလဲတစ်ခုကို ရှေ့ဆင့် နောက်ဆင့်  ဆောင်ရွက်နေပြီဖြစ် သည်။ အဆိုပါ အပြာင်းအလဲသည် Google ၏ Android OS နှင့် Apple ၏ IOS တို့တွင် မြန်မာစာ စနစ်အား စံစနစ်ဖြစ်သည့် ယူနီ ကုတ်တစ်မျိုးတည်းကိုသာ ထောက်ပံ့ပေးနေရာမှ ပြည်တွင်း၌ လက်ရှိအချိန်ထိ လူသုံးများနေသော ဇော်ဂျီဖောင့်ကိုပါ တွဲ၍ နှစ်မျိုးစလုံး အသုံးပြုနိုင်စေရန် စတင်ထည့် သွင်းပေးခြင်းဖြစ်သည်။
  • ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် မသုံး   သောကြောင့်ပရိသတ်များနှင့် အ ဆက်အသွယ်ရှိစေရန် Page ဖွင့်၍ ဓာတ်ပုံများတင်ပေးခြင်း  ဖြစ်ကြောင်း မိုးဟေကိုကပြော သည်။ 
  • ဇဝနဖောင်ဒေးရှင်းအနေဖြင့် သက်ကြီး လူရွှင်တော်ကြီးများကို လစဉ်မဲနှိုက်ရွေးချယ်၍ လှူဒါန်း ပေးဖြစ်ကြောင်း သရုပ်ဆောင် ခင်လှိုင်က ပြောသည်။
  • Thursday 2019-06-13
    အခြေခံပညာ ကျောင်းများဖွင့်သည်မှာ ရက်သတ္တပတ် တစ်ပတ်ကျော်ကြာပြီ ဖြစ်သည်။ သို့သော် ချင်းပြည်နယ် ပလက်ဝမြို့နယ် ရွှေလိုင်ပွီကျေးရွာတွင် ဆရာ၊ ဆရာမအဖြစ် ကျောင်းအုပ်ကြီး တစ်ဦးသာရှိနေပြီး လက်ထောက်ဆရာ၊ ဆရာမ တစ်ဦးမျှ  မရောက်လာသေးပေ။ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးဖွင့်ခွင့် ရထားသည့် ထိုကျောင်းလေးတွင် အလယ်တန်းပြဆရာ၊ ဆရာမ အနည်းဆုံး နှစ်ဦးခန့်ပေးရမည်ဖြစ်သော်လည်း ၎င်းတစ်ဦးသာ ရှိနေသည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ ဆရာ၊ ဆရာမ မရှိသည့်ကျောင်းပေါင်း ၁၁၀ ခန့်ရှိနေကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက ဆိုသည်။ ပလက်ဝမြို့နယ်တွင် မူလကတည်းက ဆရာတစ်ဦးမျှ မရှိသည့်ကျောင်း ၁၀၀ ခန့်ရှိပြီးယခုပညာသင်နှစ်တွင် ကျောင်း၁၀ ကျောင်းကို အဆင့်တိုးပေးခဲ့ရာ ဆရာမရှိသည့်ကျောင်း ၁၁၀ အထိ ဖြစ်နေသည်ဟု ဆိုသည်။
  • လူ့အခွင့်အရေးကြေညာစာတမ်း တွင် ပါဝင်သည့် အချက်(၃၀) ကို နာမည်ကြီး အနုပညာရှင်များဖြင့် ရိုက်ကူးပုံဖော်ထားသည့် ဇာတ် လမ်းတိုရုပ်ရှင်များကို မြန်မာ့အ သံနှင့် ရုပ်မြင်သံကြားတွင် ပြသ မည်ဖြစ်ကြောင်း လက်ထောက် ဒါရိုက်တာအဖြစ် တာဝန်ယူရိုက် ကူးထားသည့် ပြည့်ဇော်ဖြိုးက ပြောသည်။ 
  • ပရိသတ်စိတ်ဝင်စားမှုများ သော သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်သည့် The Voice Myanmar ပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ် မည်ဖြစ်ပြီး Team တစ်ခုချင်း စီက နောက်ဆုံးအဆင့်အထိ တက်ရောက်လာသည့် ပြိုင်ပွဲဝင် လေးဦးယှဉ်ပြိုင်မည်ဖြစ်သည်။ 
  • Thursday 2019-06-13
    လူထုကို ခြိမ်းခြောက်နေသည့် ကင်ဆာရောဂါ ဖြစ်ပွားမှုလျှော့ချ နိုင်ရေး ဥပဒေတစ်ရပ် အကူအညီ ဖြင့် လုပ်ဆောင်နိုင်တော့မည်ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော်  ပြီးခဲ့သည့် ရက်သတ္တပတ်က ပြည်သူ့လွှတ်တော်တွင် ကင်ဆာ ရောဂါဖြစ်ပွားမှုလျှော့ချရန် ဥပဒေဖြင့် စနစ်တကျတားဆီးကာကွယ် ရေးအဆိုကို အတည်ပြုခဲ့ခြင်း ကြောင့် ဖြစ်သည်။    မေလ ၁၇ ရက်တွင် စေတုတ္တရာပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးကျော်အောင်လွင်က‘နိုင်ငံတစ်ဝန်း စိုးရိမ်ဖွယ်မြင့်မား စွာ ဖြစ်ပွားနေသော ကင်ဆာ ရောဂါကို လျော့ကျစေရန် ကျန်း မာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်ပွားစေသည့် ကိစ္စရပ်များကို ဥပဒေနှင့်အညီ ထိရောက်စွာအသိပညာ ပေး တားဆီးကာကွယ်စောင့် ရှောက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆို’ကို တင်ခဲ့ရာဇွန်လ ၆ ရက်၌ လွှတ်တော်ကိုယ်စားလှယ်ငါးဦးက ထောက်ခံဆွေး နွေးပြီးနောက် ယခုကဲ့သို့ ရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။ 
  • Thursday 2019-06-13
    လေးမြို့ မြစ်ကမ်းဘေး ကျေးရွာလေး တစ်ရွာတွင် နေထိုင်ပြီး တောင်ယာလုပ်ကိုင်သည့် အသက်(၈၆)နှစ်အရွယ် ဦးစိန်ရွှေဖြူတို့မိသားစုအတွက် ဇွန်လ ၃ ရက်မှာ ပြဿဒါးနေ့ဖြစ်သည်။ ဦးစိန်ရွှေဖြူတို့ နေထိုင်ရာ မင်းပြားမြို့နယ် စပါးထားကျေး ရွာအနီးတွင် ထိုနေ့နံနက်အစော ပိုင်းကပင် တိုက်ပွဲဖြစ်ပွားပြီး ပစ် ခတ်သံများဖြင့် ဆူညံနေသည်။ ဦးစိန်ရွှေဖြူတို့ မိသားစုမှာ နေအိမ်အောက်ရှိ ဗုံးခိုကျင်းတွင် စိုးရိမ်စိတ်ဖြင့် ပုန်းအောင်းနေခဲ့ ကြသည်။
  • ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ (WLC-9) တွင် ထိုးသတ်မည့် ခရူဆာဝိတ်တန်းနှင့် လိုက်မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်လုပွဲ နှစ်ပွဲအပါအ၀င် တွဲဆိုင်းငါးဆိုင်းကို ပြိုင်ပွဲကျင်းပရေး က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန် သည်။ 
  • ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို မြန်မာနှင့် ထိုင်း ပူး ပေါင်း၍ အိမ်ရှင်အဖြစ်ကျင်းပ ရန်လျှောက်ထားပြီး အိမ်ရှင်ပြုလုပ်ရန် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှု လိုအပ်ကြောင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။ 
  • Thursday 2019-06-13
    ရန်ကုန်မြို့နှင့် မိုင် ၂၀ ခန့် ဝေးသော ပဲခူးရိုးမအစပ်ရှိ နှစ်ဧကကျော်ကျယ်သည့် ခြံဝင်းတစ်ခုအရှေ့ သို့ သူစိမ်းတစ်ဦး ရောက်သည်နှင့် ရာနှင့်ချီသော ခွေးများစွာ၏ အဆက်မပြတ် ထိုးဟောင်သံများ ကို ကြားလိုက်ရသည်။ အုတ်တံတိုင်းဖြင့် လုံခြုံစွာ ကာရံကာ သံပန်းတံခါးတပ်ဆင် ထားသည့် ထိုခြံဝင်းမှာ တိရစ္ဆာန် အထူးကုဆရာဝန် ဒေါက်တာနေ လင်းထွန်းက လမ်းဘေးခွေးများ ကို စောင့်ရှောက်ပေးနေသည့် EART အမည်ရှိ ဂေဟာဖြစ်သည်။ ခြံဝင်းအတွင်းသို့ သူစိမ်း ဧည့်သည်များ ဝင်ရောက်ပါက ဟောင်နေသော ခွေးများမှာ ယင်း သူစိမ်းအနီးသို့ အလုအယက်တိုးကပ်ကြသည်။
  • ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာ နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ သည့် တရုတ်သံအမတ်သည် တာဝန်ပြီးဆုံးပြီး ပြန်လည်ထွက်ခွာ တော့မည်ဖြစ်သည်။ သံအမတ်၏ မြန်မာနိုင်ငံတွင် တာဝန်ထမ်း ဆောင်ခဲ့သည့် လေးနှစ်တာသက်တမ်းအတွင်း တရုတ်-မြန်မာ ဆက်ဆံရေးတွင် မကြုံစဖူး အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ သည်။ ထိုကာလအတွင်းတွင် မြန်မာ့ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး  ဖြစ်စဉ်များနှင့်အတူ အနောက်နိုင်ငံများနှင့် ဆက်ဆံ ရေး ပြန်လည်ကောင်းမွန်လာ ခြင်း၊  မြစ်ဆုံဆည်စီမံကိန်း ရပ် နားခြင်းများကြောင့် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရသော တရုတ် မြန်မာဆက်ဆံရေးသည် အေး စက်နေခဲ့ရာမှ ပြန်လည်အရောင် အသွေးစုံလင်လာခဲ့သည်။ 

Pages