No.971 Thursday, January 7, 2016

Issue Date: 
Thursday, January 7, 2016
Myanmar Date: 
၁၃၇၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက် (ကြာသပတေး၊ ဇန်နဝါရီ ၇၊ ၂၀၁၆)
Publication: 
7Day Daily

List of stories

  • Thursday 2016-01-07
    သေနတ်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနှင့် သဘောထား ကွဲလွဲနေသည့်တိုင် အိုဘားမား၏ စိတ်ရင်းမှန်ကန်မှုကို အသိအမှတ်ပြုကြောင်း ဒေါ်နယ်လ်ထရမ့်ပ်က ပြောကြားခဲ့သည်။ ယခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေသည့် မီဒီယာလုပ်ငန်းရှင် သူဌေးကြီးက နိုင်ငံအတွင်း သေနတ်ကိုင်ဆောင်ခွင့်ကို ကန့်သတ်ရန် အိုဘားမား၏ အားထုတ်နေမှုသည် ရိုးရှင်းသည့် သဘောထားရှိလိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။
  • Thursday 2016-01-07
    ဂျပန်နိုင်ငံရှိ နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုများ မရှိခဲ့ကြောင်း စက်ရုံကို စီမံကွပ်ကဲသည့် ကုမ္ပဏီက ကြေညာခဲ့သည်။ ဂျပန်နိုင်ငံ အလယ်ပိုင်းရှိ ဟာမိုကာ နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ဇန်နဝါရီ ၇ ရက်က မီးလောင်ကျွမ်းမှု ပေါ်ပေါက်ခဲ့သော်လည်း အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့သလို နောက်ဆက်တွဲ မည်သည့် ထိခိုက်အန္တရာယ်မျှ မရှိနိုင်ကြောင်း ချူဘူလျှပ်စစ်ဓာတ်အား ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။
  • Thursday 2016-01-07
    ဆော်ဒီအာရေးဗီးယားနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် အီရန် အစိုးရက မြေအောက် တိုက်ချင်းပစ် ဒုံးကျည် ဘန်ကာတစ်ခုကို ထုတ်ဖော် ပြသလိုက်သည်။
  • Thursday 2016-01-07
    ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာခဲ့သည်။ မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့၏ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ ဖောက်ခွဲ စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါဗုံးသည် မြောက်ကိုရီးယား ယခင်က စမ်းသပ်ဖူးသည့် အက်တမ်ဗုံးများထက် ပိုမိုပြင်းထန်ပြီး နျူကလီးယားဗုံး တီထွင်နိုင်ရန် ခြေတစ်လှမ်းနီးလာသည့် ပြယုဂ်လည်း ဖြစ်သည်။ အမေရိကန် ဘူမိတိုင်းတာရေး အေဂျင်စီက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်ရာနေရာတွင် ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းသည် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု၏ သက်ရောက်မှုဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
  • One Direct- ion အဖွဲ့ဝင် ဟယ်ရီစတိုင်နှင့် မော်ဒယ် ကန်ဒဲလ်ဂျန်နာတို့ လောလောဆယ်တွဲနေကြောင်း Radar Online သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။
  •  ကိုရီးယားမြန်မာနှစ်နိုင် ငံ ချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ်  ပထမဆုံးအကြိမ် ဂန္ထ၀င်တေးဂီတဖျော်ဖြေပွဲကို ဇန်န၀ါရီ ဒုတိယပတ်တွင် ပြုလုပ်ရန် စီစဉ် နေကြောင်း သတင်းရရှိသည်။
  • လာမည့်ဧပြီတွင် ကျင်းပပြုလုပ်တော့မည့် ၂ နှစ်စာစုပေါင်းချီးမြှင့်မည့် အကယ်ဒမီပေးပွဲအကြောင်းနှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင်အကယ်ဒမီ လူမင်းကိုမေးမြန်းထားပါသည်။
  • လိပ်ကျွန်းလူသတ်မှုတွင်  မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ချမှတ်ခြင်းခံရအောင် တွန်းပို့ခဲ့သည့် အဓိက DNA သက်သေကိစ္စအပေါ် ဩစတြေးလျ မှုခင်းသိပ္ပံ ပညာရှင်တစ်ဦးက မေးခွန်းထုတ်သွားခဲ့သည်။
  •  ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် ကူကီးလူ မျိုးအမည်နှင့် လူဦးရေကို တရား ဝင်ထုတ်ဖော်ကြေညာပေးရန် ကူကီးတိုင်းရင်းသားအဖွဲ့(၉၁၄ ကူကီးတိုင်းရင်းသားရေးရာသန်း ခေါင်စာရင်းကိုယ်စားပြုကော်မ တီ)က ဇန်နဝါရီ ၆ ရက်၌  တောင်း ဆိုခဲ့သည်။
  • အနေအထိုင်သက်သာ သည်။ စောင့်ရှောက်မှုအပြည့်ရပြီး လုံခြုံ သည်ဆိုသော်လည်း မည်သည့် ကလေးမဆို သူတို့အိမ်၊ သူတို့ မိဘများနှင့် ခွဲခွာနေရသော ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာ တွင် မနေလိုကြပေ။ မိဘများက လည်း မည်မျှပင် ဆင်းရဲဒုက္ခများ နှင့် ကြုံတွေ့ရပါစေ၊ ကိုယ့်သား
  •  မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်၊ ရဟတ် ယာဉ်(ဒရုန်း)များ၏အလေးချိန် နှင့် စွမ်းဆောင်နိုင်မှုအပေါ် အခြေခံ၍ အမျိုးအစားခွဲခြားသတ် မှတ်ပြီး တရားဝင် မှတ်ပုံတင်စေမည်ဟုပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဇင်ယော်က ပြောသည်။
  •  နိုင်ငံတကာတက္ကသိုလ် နှင့် ဌာနများတွင် မြန်မာဘာသာ သင်ကြားနေသည့် ဆရာ၊ ဆရာမ များ သင်ကြားမှုနည်းစနစ်များ ဖလှယ်နိုင်ရန် ‘‘ပထမအကြိမ် မြန်မာဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြား ရေးဆိုင်ရာ နိုင်ငံတကာညီလာခံ’’ ကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ် လျက်
  • ရာသီဥတုပြောင်းလဲမှု နှင့် လိုက်လျောညီထွေစွာနေထိုင် နိုင်ရေး ရေရှည်စီမံချက်များ ယခုနှစ်တွင် စတင်အကောင်အထည် ဖော်မည်ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ သည်။
  •  ရှေးဟောင်းအထိမ်း အမှတ် အဆောက်အအုံတည်ရှိ ရာ ဇုန် (Ancient Monumental Zone) အတွင်း တည်ရှိနေသည့် ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက်နန်းကြည့်ကုန်းနေရာတွင် ခွင့်ပြု ချက်မရှိဘဲ နေထိုင်သူများကို ကိုး ရက်အတွင်း ဖျက်သိမ်းပေးရန် ရှေးဟောင်းသုတေသနနှင့် အမျိုး သ
  • မန္တလေးမြို့အနီး ဧရာ ၀တီမြစ်ကမ်းတစ်လျှောက် သွား လာ  ဆိုက်ကပ်ထားသော ရေ ယာဉ်များနှင့် သစ်၊ ၀ါးဖောင်များ ယခုရက်ပိုင်းအတွင်း အနုကြမ်းစီး လုယက်ခံရမှုများ ဆက်တိုက်ဖြစ် ပွားနေကြောင်း သတင်းရရှိသည်။
  • ဗုဒ္ဓဟူးညပိုင်း ကစားခဲ့သော စီးရီးအေပွဲစဉ်(၁၈) တွင် အိမ်ရှင်အူဒီးနီးစ်က အတ္တ လန်တာကို ၂-၁ ဂိုးဖြင့် အနိုင်ရ ခဲ့ပြီး စပိန်ကိုပါဒယ်ရေးဖလားပွဲ တွင်လည်း ဘီလ်ဘာအိုက ဗီလာ ရီးရဲလ်ကို အိမ်ကွင်းတွင် ၃-၂ ဂိုး ဖြင့်နိုင်ကာ ကွာတားဖိုင်နယ်တက် ရန် လမ်းပွင့်သွားသည်
  •  ဗုဒ္ဓဟူးနံနက်အစော တွင် ကစားခဲ့သည့် ကတ်ပီတယ် ဝမ်း (လိဂ်ဖလား) ဆီမီးဖိုင်နယ်၌ စတုတ်ကို ၁-၀ ဂိုးဖြင့် နိုင်ခဲ့သော ပွဲတွင် အသင်းဗဟိုနောက်ခံလူ လော့ဗရန်နှင့် ကွင်းလယ်လူ ကော်တင်ဟိုတို့ ဒဏ်ရာများ အ သီးသီးရခဲ့သောကြောင့် လီဗာပူး နည်းပြကလော့ပ်သည် ဇန်နဝါရီ ဈေ
  • ဒူးဒဏ်ရာကြောင့် ကိုးလတာနားနေရသည့် ဝက်စ်ဘရွန်းဂိုးသမား ဘင်ဖော်စတာသည် စနေနေ့တွင် အသင်းအတွက် ပြန်လည်ကစားနိုင်တော့မည်ဖြစ်သည်။ −−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
  • လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန အောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ် ငန်းများ နှစ်စဉ်ကျပ်ဘီလီယံ ၁,၀၀၀ကျော်အရှုံးပေါ်နေကြောင်း  သတင်းရရှိသည်။ အဆိုပါ ၀န်ကြီးဌာနများ လက်အောက်ရှိ အရှုံးပေါ်နေသော လုပ်ငန်းများမှ ဖြစ်ပေါ်နေသည့် အရှုံးကို အမြန်ဆုံးကာကွယ်ပြီး အရင်းရရှိရန် ဦးစွာလုပ်ဆောင် သင့်ကြောင်း ဇန်န၀ါရီ ၆ ရက်၌ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေကြမ်းပူးပေါင်းကော်မတီက တင် သွင်းသည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းဥပဒေကြမ်း အပေါ် လေ့လာတွေ့ရှိချက် အစီ ရင်ခံစာ၌ ဖော်ပြထားသည်။ ‘‘လျှပ်စစ်က နှစ်တိုင်းရှုံးနေ တယ်ဆိုလို့ ပြည်ထောင်စုလွှတ် တော်မှာ အကြိမ်ကြိမ်ညှိနှိုင်းပြီး ဓာတ်အားခကောက်ခံမှုတွေ တိုး ပေးလိုက်တယ်။ အဲဒါလည်း ရှုံးပြန်တာပဲ။ ဘတ်ဂျက်တွေကိုလည်း သောက်သောက်လဲ သုံး တယ်။ ဒါလည်း ရှုံးတယ်ဆိုတော့ ဘယ်လိုနားလည်ရမလဲကို မသိ ဘူး။ အစိုးရက လုပ်လို့ရှုံးတယ်ဆို ရင် အဲဒီရှုံးတဲ့ ပမာဏအတိုင်း နိုင်ငံတော်ကိုသွင်းပြီး လုပ်မယ့် ပုဂ္ဂလိကတွေအများကြီးရှိတယ်။ အဲဒါ လည်း လုပ်ခွင့်မပေးဘူး’’ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ အသုံးစရိတ်များကို တာဝန်ယူစိစစ်ရသည့် ပူး ပေါင်းကော်မတီအဖွဲ့ဝင် လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းဦးက ပြောကြားသည်။
  • လုပ်ငန်းလည်ပတ် လျက်ရှိသော်လည်း ဌာနသို့ဆက် သွယ်ခြင်းမရှိသည့် ကုမ္ပဏီများ မှတ်ပုံတင်သက်တမ်းကိုကြည့်၍ သာ ဖျက်သိမ်းသင့်၊ မသင့်ဆုံး ဖြတ်မည်ဖြစ်ကြောင်း ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုညွှန်ကြားမှုဦးစီးဌာ နတာဝန်ရှိသူက ပြောသည်။ မှတ်ပုံတင်သက်တမ်းကုန် ဆုံးသော်လည်း သက်တမ်းမတိုး သည့်ကုမ္ပဏီများ၊ လုပ်ငန်းလည် ပတ်ခြင်းမရှိဘဲ ရပ်ဆိုင်းသွားသည့်ကုမ္ပဏီများ သိရှိနိုင်ရန် လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီများ ဆက်သွယ်အကြောင်းကြားရန် ဦးစီးဌာနက ညွှန်ကြားထားသည်။ သို့သော် လက်ရှိတွင် လုပ်ငန်းလည်ပတ်လျက်ရှိသော်လည်း မဆက်သွယ်သည့် ကုမ္ပဏီများရှိနေခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
  • Thursday 2016-01-07
    အိုရီဂွန်ပြည်နယ်ကျေးလက်ဒေသမှ ဖက်ဒရယ်သားရဲတိရစ္ဆာန် ဘေးမဲ့တောရုံးချုပ်တစ်ခုကို သိမ်းပိုက်ထားသော အစိုးရ ဆန့် ကျင်လက်နက်ကိုင်အဖွဲ့သည် အလျှော့မပေးသေးဘဲ စတုတ္ထ မြောက်နေ့၌ ယင်းအဆောက်အအုံကို ဆက်လက်သိမ်းပိုက်ထား ကြသည်။
  • Thursday 2016-01-07
     တရုတ်နိုင်ငံမှလာသော ခရီးသွားများကို တရုတ်တိုင်ပေ တွင် တစ်ထောက်နားနိုင်ကြောင်း ပထမဆုံးအကြိမ် ခွင့်ပြုသည့် လုပ်ရပ်သည် ရှေ့လာမည့် တိုင်ပေ သမ္မတ ရွေးကောက်ပွဲ၌ စွက်ဖက်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲအနိုင်ရရန် ရေပန်းစားနေသော အတိုက်အခံပါတီက ပြောကြားသည်။
  • Thursday 2016-01-07
     အေတီအမ်ကတ်အတု အသုံးပြုပြီး ငွေများခိုးယူထုတ်ခဲ့မှု ဖြင့် အရေးယူခံထားရသည့် ဘူလ် ဂေးရီးယားနိုင်ငံသားကို အခြားနှစ်နေရာ၌လည်း ယင်းသို့ ခိုးယူမှုများတွေ့ရှိခဲ့သဖြင့် ဇန်န၀ါရီ ၅ ရက်တွင် မင်္ဂလာတောင်ညွန့်ရဲစခန်းက ထပ်မံအမှုဖွင့်ထားကြောင်း မင်္ဂလာတောင်ညွန့်မြို့မ
  •  မြို့နယ်နှင့် ခရိုင်လျှပ် စစ်အင်ဂျင်နီယာများအထက် တွင် အငြိမ်စားစစ်ဘက်အရာရှိ များအား လျှပ်စစ်မန်နေဂျာများအ ဖြစ် ခန့်အပ်မည့်အစီအစဉ်ကို ဖဲ ကြိုးပြာလှုပ်ရှားမှုဖြင့် ကန့်ကွက်ခဲ့ ကြသည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်နှင့် ခရိုင်လျှပ် စစ်အင်ဂျင်နီယာများ ၀န်ကြီးဌာန ၏ ခုံအဖွဲ့ဖြင့် စစ်ဆေးခြင်းခံနေရ ကြောင်း သတင်းရရှိသည်။ ဖဲကြိုးပြာလှုပ်ရှားမှုပြုလုပ်ခဲ့ သည့် မန္တလေးတိုင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းမှ ခရိုင်နှင့်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများအပါအ၀င် လျှပ်စစ်ဝန်ထမ်း ၃၀ခန့်ကို လျှပ်စစ်ဝန်ကြီးဌာနက ဇန်န၀ါရီ ၅ရက်မှစတင်ကာ နေပြည်တော်သို့ခေါ်ယူပြီး ခုံဖွဲ့စစ်ဆေးနေကြောင်း စစ်ဆေးခံရသည့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက ပြောသည်။ ၎င်းတို့ကို အဖွဲ့ဝင်သုံးဦးပါ ခုံအဖွဲ့ဖြင့် စစ်ဆေးခြင်းဖြစ်ပြီးအ သေးစိတ်မသိရသေးသော်လည်း အရေးယူမည့်အနေအထားဖြစ်  သည်ဟု ထင်မြင်မိကြောင်း အ ထက်ပါလျှပ်စစ်အင်ဂျင်နီယာက ပြောသည်။
  • Thursday 2016-01-07
     ရန်ကုန် နိုင်ငံခြားဘာ သာတက္ကသိုလ်တွင် ဘာသာစ ကားကိုးခုအတွက် ညနေပိုင်းဘာ သာစကားသင်တန်းများကို ဇန်န ၀ါရီ ၁၈ရက်၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  •  ကြီးကြီးမားမားအောင် မြင်မှုတစ်စုံတစ်ရာမရှိဘဲ မန်စီး တီးနည်းပြအဖြစ် ဆက်လက် တာဝန်ယူရမည့်အခွင့်အရေးထက် မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလားရရှိရန်သာ ရွေးချယ်မည်ဟု ပယ်လီဂရီနီက ပြော သည်။ ၂၀၁၆-၁၇ ဘောလုံးရာသီ ကုန်တွင် မန်စီးတီးနှင့် စာချုပ် သက်တမ်းကုန်ဆုံးမည့်နည်းပြ ပယ်လီဂရီနီ၏ အနာဂတ်အခြေ အနေသည် မသေချာဖြစ်နေပြီး ဘိုင်ယန်မှ ထွက်ခွာမည့် နည်းပြဂွာဒီယိုလာသည် မန်စီးတီးနှင့် အ ဆက်အသွယ်ရှိနေသည်။ ပရီးမီးယားလိဂ်တွင် အလုပ် လုပ်လိုသည်ဟု ဂွါဒီယိုလာက ယခုသီတင်းပတ်အတွင်း ပြော ကြားထားပြီး အင်္ဂလန်မှ ကမ်း လှမ်းမှုအများအပြား ရရှိထား ကြောင်း ပြောသည်။
  • Thursday 2016-01-07
     အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်(NLD)က တွေ့ဆုံရေး ကမ်းလှမ်းလာပါက တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ပြင်ဆင်ထား ကြောင်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)အဖွဲ့ဝင်များထံမှသိရသည်။
  • Thursday 2016-01-07
    ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက မြေ သားစမ်းသပ်ခြင်း(Soil Test)လုပ် ငန်းများကို တရားဝင်အသိအမှတ်ပြုလိုင်စင်ထုတ်ပေးလျက်ရှိရာ ကုမ္ပဏီလေးခုက လိုင်စင်ထပ်မံရရှိခဲ့ကြောင်း သတင်းရရှိသည်။
  • Thursday 2016-01-07
    တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးခဲ့သည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို ပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်နိုင်ရန်ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေး မှူးအဖွဲ့ အစည်းအဝေးမှ တစ် ဆင့် တရားဝင်ဖိတ်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • အင်္ဂလန်အသင်းကို အားပေးသည့် ပရိသတ်များ မဲပေး ရွေးချယ်သော ၂၀၁၅ အတွက် အင်္ဂလန်အကောင်းဆုံးဘောလုံး သမားဆုကို လက်ရွေးစင်အသင်း ခေါင်းဆောင် ဝိန်းရွန်းနေက ၂ နှစ်ဆက်တိုက်ရရှိသွားခဲ့သည်။ ရွန်းနေသည် ယမန်နှစ်က လည်း ထိုဆုကိုရရှိခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် လေးကြိမ်ရခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ယမန်နှစ်က အင်္ဂ လန်အသင်းအတွက် ငါးဂိုးသာသွင်းခဲ့သော်လည်း သွင်းဂိုးအရေ အတွက်တွင် ဘော်ဘီချာလ်တန် တင်ထားသည့် အင်္ဂလန်အတွက်ဂိုးသွင်းအများဆုံး စံချိန်ဟောင်း ကို ယူရိုခြေစစ်ပွဲများ၌ ဖြတ်ကျော်၍ စံချိန်သစ်တင်နိုင်ခဲ့သည်။

Pages