Health

  • Sat 25 May 2019 - 18:30
    လုံလောက်သော အိပ်စက်ချိန်မရှိခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးညံ့ဖျင်းခြင်းကြောင့် ဆက်စပ်မှုရှိကြောင်း သုတေသီများ လေ့လာသိရှိထားသည်မှာ ကြာပြီဖြစ်သော်လည်း လေ့လာမှုအသစ်တစ်ရပ်က အိပ်ရေးပျက်ခြင်းကြောင့် သွေးလည်ပတ်မှုကို ထိခိုက်စေကြောင်း ဖော်ပြသည်။
  • Thu 23 May 2019 - 19:22
     ရေခန်းခြောက်လာခြင်း ကြောင့် ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံအချို့ မေလ ၂၃ ရက်က စတင်၍ တစ်နေ့ငါးနာရီ သာ မောင်းနှင်ရမည်ဟု လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။ 
  • Thu 23 May 2019 - 19:21
    ဗဟိုအဆင့်ဆေးရုံကြီး  များတွင် အပူကြောင့် သတိလစ် (Heat Stroke) ရောဂါဖြစ်ပွား၍  သေဆုံးလူနာ ၁၁ ဦးရှိကြောင်း   ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမိုး ခိုင်ကပြောသည်။
  • Wed 22 May 2019 - 11:50
    နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် မြန်မာကလေးငယ် ၁၀၀ဦးကို ခွဲစိတ်ကုသရန် PTTEP မြန်မာ့စီမံကိန်းက ကန်ဒေါ်လာတစ်သိန်း ထောက်ပံ့ကူညီမည်ဖြစ်သည်။
  • Wed 22 May 2019 - 11:49
    မကူးစက်တတ်သောရောဂါများ နှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ယခုနှစ်အတွင်း စစ်တမ်း ကောက်ယူမည်ဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မကူးစက်တတ်သောရောဂါ ကာကွယ်နှိမ်နင်းရေးဌာနခွဲ ညွှန် ကြားရေးမှူး ဒေါက်တာကျော်ကံ ကောင်းက ပြောသည်။
  • Wed 22 May 2019 - 11:47
    မြန်မာအမျိုးသမီးနှစ်သန်းကျော်သည် ခေတ်မီသားဆက်ခြားနည်းလမ်းများကို ရယူမသုံးစွဲနိုင်သေးကြောင်း ဧပြီ ၁၀ ရက်က ထုတ်ပြန်သော ကမ္ဘာ့လူဦးရေဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
  • Mon 20 May 2019 - 19:35
    အမျိုးသမီးများအနေဖြင့် ရင်သားကင်ဆာဖြင့် သေဆုံးနိုင်သည့် အန္တရာယ်လျှော့ချရေး အဆီလျှော့စားပြီး  သစ်သီးနှင့် ဟင်းသီးဟင်းရွက် ပိုစားသင့်ကြောင်း သုတေသီများက အကြံပြုသည်။ သုတေသီများက အမျိုးသမီး ၅၀,၀၀၀ ကို ဆယ်စုနှစ်နှစ်ခုကြာ လေ့လာပြီးနောက် အထက်ပါကဲ့သို့ အကြံပြုခြင်းဖြစ်သည်။
  • Sat 18 May 2019 - 19:03
    အရသာကောင်းအောင်၊ တာရှည်ခံအောင် လွန်ကဲစွာ စီမံဖန်တီး ထားသော အစားအစာများက လူတစ်ယောက်ကို အစားပိုစားလို စိတ်ဖြစ်စေပြီး ကိုယ်အလေးချိန် မြင့်မားလာစေနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
  • Thu 16 May 2019 - 18:54
     မီးပြတ်၍ ရေတွန်းစက် များ စွမ်းအားပြည့်မောင်းနှင်နိုင်မှု မရှိသည့်ကာလအတွင်း ရေအ ခက်အခဲရှိသည့်မြို့နယ်များသို့ ရေသယ်ယာဉ်များဖြင့် တစ်ရက် လျှင် ရေဂါလန်တစ်သိန်းကျော် ဖြန့်ဝေနေကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ ရေရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့ အကြီး တန်းအရာရှိတစ်ဦးကပြောသည်။
  • Thu 16 May 2019 - 18:33
     မြန်မာနိုင်ငံ၌ ခြောက်နှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု ၈၆ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း အမေရိကန်သံရုံးက မေလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ ၂၀၁၂ က အမေရိကန် သမ္မတ၏ ငှက်ဖျားရောဂါစီမံကိန်း အရ အမေရိကန်ပြည်ထောင်စုက စတင်အကူအညီပေးစဉ်က မြန် မာနိုင်ငံတွင် ငှက်ဖျားရောဂါဖြစ် ပွားနှုန်း လေးသိန်းရှစ်သောင်း ကျော်ရှိရာမှ ၂၀၁၈ တွင် ခြောက်သောင်းရှစ်ထောင်ကျော် (၈၆ ရာခိုင်နှုန်း) အထိ လျော့ကျကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။‘‘ငှက်ဖျားတိုက်ဖျက်ရေးအ တွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) နဲ့ ရောဂါထိန်းချုပ်ရေးနဲ့  ကာကွယ် တားဆီးရေးဗဟိုဌာန (CDC)တို့ ရဲ့ ကူညီပံ့ပိုးမှု၊ ကျန်းမာရေးဝန် ထမ်းတွေရဲ့ ထူးထူးချွန်ချွန် ဆောင် ရွက်မှုတွေကြောင့် အခုလို ထူး ခြားတဲ့ရလဒ်တွေ ရရှိခဲ့တာဖြစ်ပါ တယ်’’ဟု အမေရိကန်သံအမတ် ကြီး စကော့မာစီရယ်က ပြောကြား သည်။
  • Wed 15 May 2019 - 11:41
    နိုင်ငံတွင် မွေးရာပါသည်းခြေပြွန် မပါသဖြင့် အသည်းအစားထိုးကုသမှုခံယူရန် လိုအပ်သည့် အသက် (၁)နှစ်အောက် ကလေးလူနာဦးရေသည် တစ်နှစ်လျှင် ပျမ်းမျှဦးရေ ၂၀ ခန့်ရှိနေသည်။ ရန်ကုန်ကလေးဆေးရုံကြီး ခွဲစိတ်ကုပညာဌာနတွင် Ob-structive Jaundice ကြောင့် ဖြစ်သော အသားဝါရောဂါဖြင့် ဆေးရုံတက်နေရသည့် (၁)နှစ် အောက်ကလေးငယ်ဦးရေ တစ် နှစ်လျှင် ပျမ်းမျှ ၃၀ ဦးခန့်ရှိကာ ယင်းတို့အနက် ၂၀ ဦးခန့်မှာ မွေးရာပါသည်းခြေပြွန်မပါသော  ရောဂါ (Biliary Atresia) လူနာ များဖြစ်သည်။    ‘‘ကလေးတွေမှာ မွေးရာပါသည်းခြေပြွန်မပါတဲ့ ရောဂါဆိုတာရှိပါတယ်။ သည်းခြေပြွန်မပါ တာကို အစ်မတို့နိုင်ငံမှာ ဘယ်လိုဖြစ်လဲဆိုရင် နောက်ကျပြီးမှ သိရ တယ်ပေါ့နော်။ စောစောစီးစီး မသိဘူး၊ မိဘတွေကလေ’’ဟု ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက် တာစုစုဒွေးက ပြောသည်။ 
  • Mon 13 May 2019 - 19:24
    ကိုယ်ဝန်ဆောင်ပထမသုံးလအတွင်း သစ်ကြားစေ့၊ မက်မွန်စေ့တို့ အပါအ၀င် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည့် အစေ့အ ဆန်များစားသော အမျိုးသမီးများ မွေးလာသော ကလေးများသည် ဦးနှောက်စွမ်းဆောင်ရည် ပိုကောင်းကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
  • Sat 11 May 2019 - 18:43
    ကလေးဘဝတွင် အူရောင်ရောဂါဖြစ်ပွားသူများသည် ဘဝ နောက်ပိုင်း ကင်ဆာရောဂါဖြစ်နိုင်သည့်အန္တရာယ် မြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
  • Sat 11 May 2019 - 18:14
     အနောက်တောင်မုတ် သုံလေသည် မေလ ၁၅ ရက်တွင် မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင် ဝင်ရောက်နိုင်သော်လည်း မုတ်သုံ လေအားမကောင်း၍ မိုးရွာသွန်းမှု လျော့နည်းနိုင်ကြောင်း မိုးလေဝ သပညာရှင် ဒေါက်တာထွန်းလွင် က ပြောသည်။ 
  • Thu 09 May 2019 - 18:20
    အမျိုးအစား - ၂ ဆီးချိုရောဂါဖြစ်နိုင်သည့်အန္တရာယ်ရှိသော အမျိုးသားများသည် ၎င်းတို့စားသောက်မည့်အစားအသောက်အား လုံးကို ကိုးနာရီအတွင်း အချိန်သတ်သတ်မှတ်မှတ်လိုက်နာစား သုံးဖြင်းဖြင့် သွေးထဲရှိ သကြားဓာတ်ကိုထိန်းချုပ်ရန်အထောက်အ ကူဖြစ်နိုင်ကြောင်း လေ့လာမှုတစ်ရပ်ကဖော်ပြသည်။
  • Wed 08 May 2019 - 12:05
    လာမည့်စက်တင်ဘာတွင်   ရန်ကုန်ကလေးဆေးရုံကြီး၌ က လေးအသည်းအစားထိုးခွဲစိတ်မှု  ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ယင်းဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးကပြောသည်။ 
  • Wed 08 May 2019 - 12:02
    အစိုးရသစ် သက်တမ်း သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ တတိယ တစ်နှစ်အတွင်း ၎င်းတို့ဆောင်ရွက်ခဲ့မှု အခြေအနေများကို မကြာသေးမီက နိုင်ငံပိုင်သတင်းစာ၌ ထုတ်ပြန်ကြေညာသည်။ ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်မှုများအရ ကျန်းမာရေးလော ကအတွင်း ဖြစ်ပေါ်နေသော အ ခက်အခဲ၊ စိန်ခေါ်မှုနှင့် ဘဏ္ဍာငွေ ရရှိမှု အခြေအနေတို့နှင့် ပတ်သက်ပြီး လိုအပ်ချက်အချို့ ရှိနေသေး သည်ကို တွေ့ရသည်။   ယင်းအခြေအနေများအ ပေါ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ‘‘လုပ် ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ကြည့်ရင် ကျွန်တော့်အနေနဲ့ တော်တော်များများကို အားရကျေ နပ်မှုရှိပါတယ်’’ဟု မေလ ၁ ရက်က ပြောကြားသည်။
  • Thu 02 May 2019 - 18:02
    စိတ်ဖိစီးမှုများသော အလုပ်ကို လုပ်ရပြီး အိပ်မပျော်နိုင်ဖြစ်နေသူ များသည် ကောင်းစွာအိပ်ပျော်ပြီး ယင်းအလုပ်မျိုး မလုပ်ရသူများ   ထက် နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေ သုံးဆပိုများကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
  • Wed 01 May 2019 - 11:42
    ဧပြီ နောက်ဆုံးပတ်ကစ၍ အပူချိန်မြင့်တက်မှု ဆိုးရွားနေပြီးပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ရှိ မြို့အချို့တွင် အပူချိန်စံချိန်သစ်များ တင်ခဲ့သည်။ စံချိန်သစ်တင်သည့် မြို့အားလုံးတွင် အပူချိန် ၄၀ ဒီဂရီစင်တီ ဂရိတ်အထက် ရှိသည်။ စံချိန်သစ်တင်သည့် မှတ်တမ်းမဝင်သော်လည်း မူလကပင် အပူချိန်မြင့်မားနေသော ချောက်မြို့တွင် ၄၆ ဒီဂရီစင်တီဂရိတ်၊ အောင်လံနှင့် တောင်တွင်းကြီး မြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရှိကြောင်း မိုးဇလဌာနက ဧပြီ၂၆ ရက်၌ သတင်းထုတ်ပြန်ထား သည်။  
  • Wed 01 May 2019 - 11:39
    ရုံးချိန်တွင် ပြည်သူ့ကျန်းမာရေးဌာနများသို့ လာရောက်ပြသရန် အခက်အခဲရှိသော တီဘီသံသယလူနာများအတွက် ကြည့်မြင်တိုင်နှင့် တောင်ဒဂုံမြို့နယ်၌ ညနေပိုင်းဆေးခန်း နှစ်ခုဖွင့်လှစ်ထားကြောင်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။

Pages

Subscribe to Health