• နိုဝင်ဘာက နှစ်နိုင်ငံကြား တင်းမာမှု အထွတ်အထိပ်သို့ ရောက်ပြီးနောက်ပိုင်း ရုရှားသည် ယူကရိန်းနယ်စပ်တွင် စစ်တပ် အင်အား အလုံးအရင်း ဆက်လက်ထားရှိဆဲဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်သာ နောက်ပြန်ဆုတ်သေး ကြောင်း ယူကရိန်းသမ္မတ ပိုရိုရှန် ကိုက ပြောသည်။ ‘‘ရုရှားစစ်တပ်ရဲ့ အကြီးမား ဆုံး အစိတ်အပိုင်းက ယူကရိန်း နယ်စပ်မှာ ရှိနေဆဲဖြစ်ပြီး တပ်ဖွဲ့ ဝင် ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြန် လည်ရုပ်သိမ်းပါသေးတယ်’’ ဟု သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပိုရိုရှန်ကိုက ပြောသည်။ နိုဝင်ဘာနှောင်းပိုင်းက ပင် လယ်နက်တွင် ရုရှားနှင့် ယူကရိန်းကြား ရေလမ်းကြောင်း ပဋိပက္ခ ဖြစ်ပွားပြီးနောက် ပိုရိုရှန်ကိုက ရုရှားသည် နယ်စပ်၌ စစ်ဘက် တည်ရှိမှု သိသိသာသာ မြှ...
  • ကယားပြည်နယ်ရှား တောမြို့နယ်တွင် ကျောက်ခေတ် လက်ရာဟု ယူဆရသည့် နံရံဆေး ရေးပန်းချီများနှင့် ခေါင်းတလား များရှိသည့် ကျတ်ဂူတစ်ခုကို ရှာ ဖွေတွေ့ရှိခဲ့သော်လည်း အတည် ပြုစစ်ဆေးမှုများပြုလုပ်နိုင်ခြင်းမ ရှိသေးကြောင်း ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ကယား) လက်ထောက် ညွှန်ကြားရေးမှူးဦးနေကျင်က ပြောသည်။ ယင်းဂူကို ၂၀၁၇ နိုဝင်ဘာ တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (က ယား) ကရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ် သည်။ ရှားတောမြို့နယ်ပွန် ချောင်းအရှေ့ဘက်လာငေါ့လဲဂူ တွင် ကျတ်ဂူတစ်ခုကို တွေ့ရှိခဲ့ ခြင်းဖြစ်ပြီး ၎င်းနှင့် သုံးမိုင်အကွာ လာလီလဲတောင်ကမ်းပါးတွင် နံ ရံဆေးရေးပန်းချီများကို ထပ်မံ တွေ့ရြှိ...
  • ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံ ကိန်းကြောင့် ဒီဇင်ဘာ ၂၁ ရက် ကစ၍ ကျိုက္ကလဲ့ဘူတာနှင့် ပုရွက် ဆိတ်ကုန်းဘူတာအကြား ရထား ပြေးဆွဲခြင်းကို ခြောက်လခန့်ရပ် ဆိုင်းမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား၊ တိုင်းအမှတ် (၇) မှ သွား/လာရေး အထွေထွေမန်နေ ဂျာ ဦးဇော်လွင်က ပြောသည်။ မြို့ပတ်ရထားလမ်းပိုင်းအ ဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို လက်ရှိအချိန်တွင် အင်းစိန်ဘူတာ မှ တညင်းကုန်းဘူတာအထိ ဆောင်ရွက်နေပြီး ဒီဇင်ဘာ ၂၀ ရက်တွင် ယင်းလမ်းအစိတ်အပိုင်း ရာနှုန်းပြည့်ပြီးစီးမည် ဖြစ်သည်။ ထို့ကြောင့် နောက်တစ်ဆင့် အနေဖြင့် ကြည့်မြင်တိုင်ဘူတာ နှင့် အင်းစိန်ဘူတာအကြား၊ တ ညင်းကုန်းဘူတာနှင့် ပုရွက်ဆိတ် ကုန်းဘူတာအကြား...
  • တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA)တို့အ ကြား ရခိုင်ပြည်နယ်၌ နှစ်လအ တွင်း တိုက်ပွဲပေါင်း လေးဆယ် ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကက ပြောသည်။ တပ်မတော်နှင့် AA တို့အ ကြား ချင်းပြည်နယ် ပလက်ဝမြို့ နယ်၊ ရခိုင်ပြည်နယ် ဘူးသီး တောင်၊ ရသေ့တောင်၊ ပုဏ္ဏား ကျွန်းမြို့နယ်များနှင့် မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ်တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ မြေပုံနှင့် ကျောက်တော်မြို့နယ်အတွင်း၌လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။ ‘‘တိုက်ပွဲအကြိမ်က လေး ဆယ်အထက်ဖြစ်နေပြီလို့ ထင် တယ်ဗျ။ ဒီအောက်တိုဘာလ ကုန်ပိုင်းကနေ နိုဝင်ဘာ၊ ဒီဇင်ဘာပေါ့လေ။ အဲဒီကြားမှာ ဖြစ်နေ တာ’’ဟု ခိုင်သုခက ပြောသည်။ ပုဏ္ဏားကျွ...
  • YUPT ကုမ္ပဏီကဝယ်ယူ ထားသည့် ဘတ်စ်ကားအသစ်စီး ရေ ၂၀၀ ကို ဝိုင်ဘီအက်စ်ယာဉ် လိုင်းတွင် ထည့်သွင်းပြေးဆွဲရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီ ၏ အထွေထွေမန်နေဂျာ ဦးမောင် မောင်လွင်က ပြောသည်။ ဝိုင်ဘီအက်စ်ယာဉ်လိုင်း များတွင် ကားအသစ်များထပ်မံ ထည့်သွင်းပြေးဆွဲနိုင်ရန် စက် တင်ဘာက တင်ဒါခေါ်ယူ၍ Foton အမျိုးအစားဘတ်စ်ကား များ ဝယ်ယူတင်သွင်းခဲ့ပြီး လက် ရှိတွင် ယာဉ်လိုင်းများ၌ အသုံးပြု ရန် အဆင့်သင့်ဖြစ်နေပြီဟု ၎င်း ကဆိုသည်။ ‘‘လိုင်းအသစ်ချဲ့ပြီးဆွဲမ လား၊ ကားအဟောင်းတွေနေရာ မှာ အစားထိုးမလားဆိုတာကို တော့ တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်အပေါ် မူတည်ပြီးလုပ် ရမှာပါ။ လောလောဆယ်တော့ အဲဒီကားတွေ အသုံးပြုပြေးဆွဲနိုင် ဖို့ကို ကြိုတင်ြ...
  • MBC အခမဲ့ တီဗီရုပ်သံ လိုင်း၏ နှစ်စဉ်ကျင်းပမြဲ Gayo Daejejun ဂီတပွဲတော်တွင် SHINee’s အဖွဲ့မှ မင်ဟို၊ Girls' Generation အဖွဲ့မှ ယွန်နာနှင့် ASTRO အဖွဲ့မှ ချာအန်ဝူးနှင့် နော့ဟောင်ချူလ်တို့က အခမ်း အနားမှူးများအဖြစ် ပါဝင် မည်ဖြစ်ကြောင်း MBC ကုမ္ပဏီ ကဒီဇင်ဘာ ၁၇ ရက်တွင်တရား ၀င်အတည်ပြုသည်။ ယွန်နာအနေဖြင့် ယင်းပွဲ တော်တွင် အခမ်းအနားမှူးအဖြစ် လေးနှစ်ဆက်တိုက်ဆောင်ရွက် ခြင်းဖြစ်ပြီး ချာအန်ဝူးက ၂ နှစ် ဆက်တိုက်ဆောင်ရွက်ခြင်းဖြစ် သည်။ မင်ဟိုနှင့် နော့ဟောင်ချူလ် တို့က MBC မှထုတ်လွှင့်သော ‘Music Core’ ဂီတအစီအစဉ်တွင် ပင်တိုင်တင်ဆက်သူများအဖြစ် ဆောင်ရွက်ဖူးသည်။ Gayo Daejejun ဂီတပွဲ တော်ကို ဒီဇင်ဘာ ၃၁ ရက်တွင်...
  • ‘မှော်ဝင်သမန်းကျား’ ဇာတ်ကားတွင် တွဲဖက်သရုပ် ဆောင်ခဲ့သည့် သူငယ်ချင်း သူထူးစံအိမ်ထောင်ပြုသွားသဖြင့် ဂုဏ်ယူကြောင်း သရုပ်ဆောင်ခွန်းဆင့် နေခြည်က ပြောသည်။ ‘‘သူက အဲဒီကလေးမနဲ့ ကြိုက်တာ ခြောက်နှစ်လောက်ရှိ ပြီ။ သူတို့လည်း ဖူးစာပါလို့ ညား တာပေါ့။ သူလည်း အိမ်ထောင်ပြု သင့်တဲ့အရွယ်ကို ကျော်နေပြီဆို တော့ အိမ်ထောင်ပြုသွားတဲ့အ တွက် မခွန်းဆင့်က ကျေနပ်တယ်။ ကိုယ့်ရဲ့သူငယ်ချင်း လူပျိုကြီးတစ် ယောက် လူပျိုကြီးဘ၀ကို စွန့် လွှတ်သွားပြီ။ အရင်က သူ့ဘ၀ က ဇဝေဇ၀ါဖြစ်နေတာ။ အခုက Stable ဖြစ်သွားပြီဆိုတော့ မခွန်း ဆင့်ကျေနပ်တယ်’’ဟု ၎င်းက ပြောသည်။ ၎င်းနှင့် သူထူးစံသည် ငယ် သူငယ်ချင်းများကဲ့သို့ ရင်းနှီးပြီး သူထူးစံသည် ရိုးသားသူတစ် ဦြး...
  • Canal+ က ထုတ်လွှင့် ပြသနေသည့် ခရီးသွားကောက် ကြောင်း အစီအစဉ်တွင် ငပလီနှင့် မြောက်ဦး၌ သွားရောက်ရိုက်ကူး ထားကြောင်း သရုပ်ဆောင် နန်းဆုဦးက ပြောသည်။ ‘‘ဒီထဲမှာ နန်းဆုက ကိုအ လင်းရောင်နဲ့ ပါဝင်ရတယ်။ ငပလီရယ်၊ မြောက်ဦးရယ်ပေါ့။ နန်းဆုခရီးသွားရတာ ပျော်တယ်။ ကြိုက်တယ်။ ခရီးသွားရင်းနဲ့ ရိုက် ကူးတာဖြစ်တဲ့အတွက် ဇာတ် လမ်းသဘောလည်းမဟုတ်ဘူး’’ ဟု ၎င်းကပြောသည်။ မရောက်ဖူးသည့် နေရာဒေ သများတွင် သွားရောက်ရိုက်ကူး ထားသောကြောင့် အတွေ့အကြုံ များစွာရသည်ဟု ဆိုသည်။ ‘‘ပုဂံဆိုသွားရလာရတာ လွယ်ကူတယ်။ လေယာဉ်နဲ့သွား ရင်ရောက်ပြီဆိုတော့လေ။ ပုဂံ ကိုရောက်ဖြစ်ကြတယ်။ မြောက် ဦးဘက်ကျတော့ မရောက်ဖြစ်ကြ ဘူး။ နန်းဆုဆို တစ်ခါမှမဖူးဘူး တဲ့...
  • ရွှေအက်ဖ်အမ်နှစ်ပတ် လည်ပွဲတွင် ဖြိုးမြတ်အောင်နှင့် စုံတွဲသီဆိုထားသည့် သီချင်းတွင် မပါဝင်သည့်အပေါ် ပရိသတ် အထင်လွဲနေသောကြောင့် စိတ်မ ကောင်းဖြစ်ရကြောင်း တင်ဇာ မော်က ပြောသည်။ ‘‘အစ်မလည်း ပရိသတ်ဘက်ကို နားလည်ပါတယ်။ အခု အစ်မ မြင်နေရတာက အစ်မဘက်က ပရိသတ်နဲ့ ဒီကလေး (ဖြိုးမြတ် အောင်)ဘက်က ပရိသတ်ပြောဆို နေကြတာ စိတ်မကောင်းဘူး။ မဖြစ်စေချင်ဘူး။ အစ်မတို့ အနု ပညာရှင်တွေအားလုံးက သိတဲ့ အတိုင်းပဲ။ တစ်ယောက်နဲ့ တစ် ယောက် ဆေးစက်ကျရာ အရုပ် ထင်အောင် ကကြတာပဲ’’ဟု တင် ဇာမော်က ပြောသည်။ ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ် သော ရွှေအက်ဖ်အမ်နှစ်ပတ် လည်ဖျော်ဖြေပွဲတွင် Myanmar Idol Season 3 မှ Finalist ပြိုင်ပွဲ ဝင်များနှင့် နာမည်ကြီးအဆိုတော် မ...
  • ပညာရေးဝန်ကြီးဌာနရှိ နေ့စားလပေးရုံးဝန်ထမ်း ၄,၀၂၂ ဦးကို ၂ နှစ်ကျော်သည်အထိ အမြဲတမ်းဝန်ထမ်းအဖြစ် မခန့် ပေးခြင်းကြောင့် ၂၀၁၉ ဇန်န၀ါရီ ပထမပတ်တွင် နေပြည်တော်နှင့် မြို့ကြီးအချို့၌ ဆန္ဒထုတ်ဖော် မည်ဟု နေ့စားလပေးပညာရေး ရုံးဝန်ထမ်းများအား အမြဲတမ်း ၀န်ထမ်းခန့်အပ်ရေး လှုပ်ရှားမှု ကော်မတီဝင် ဦးဖြိုးဝေအောင်က ပြောသည်။ ၀န်ထမ်း လိုအပ်ချက်အရ ပညာရေးဝန်ကြီးဌာနက ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆တို့တွင် နေ့စားလ ပေးဆရာ၊ ဆရာမနှင့် ရုံးဝန် ထမ်းများကို လစ်လပ်ရာထူးများ အား ကျောထောက်နောက်ခံပြု ၍ ခန့်ထားခဲ့သည်။ ထိုဝန်ထမ်း များသည် အစမ်းခန့်ကာလ ခြောက်လအတွင်းအလုပ်ထုတ် ပယ်ခြင်းမခံရလျှင် ခြောက်လ ပြည့်သည်နှင့် အမြဲတမ်းဝန်ထမ်း အဖြစ် ခန့်...
  • ကချင်စစ်ရှောင်အရေး ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သည့် ကချင်လူငယ်လှုပ်ရှားမှုအဖွဲ့ သည် ယမန်နေ့က မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ် အနီးရှိ စစ် ရှောင်စခန်းများနှင့် မြစ်ကြီးနား ရဲစခန်းသို့ သွားရောက်ကာ ခရစ္စ မတ်သီချင်းသီဆိုခြင်း၊ ခရစ္စမတ် သတင်းကောင်းဝေငှခြင်းနှင့် အ ကများဖြင့် ဖျော်ဖြေခြင်းတို့ ပြု လုပ်ခဲ့သည်။ အဆိုပါအဖွဲ့သည်စစ်ရှောင် စခန်းခြောက်ခု၊ ရဲစခန်း၊ စုပေါင်း ရုံးဟုခေါ်ဆိုသော ဌာနဆိုင်ရာဝန် ထမ်းများဖြင့် စုဖွဲ့ထားသော ပြည် သူ့ဝန်ဆောင်မှုရုံး (OSS) ရုံးနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက် တာခက်အောင်၏ နေအိမ်သို့ သွားရောက်ခဲ့သည်။ ‘‘ကိုယ့်ရဲ့အိမ်ရာ၊ လုပ် ကိုင်စားသောက်ရမယ့် လယ်မြေ တွေ အကုန်လုံးစွန့်ပြီး ဒီမှ...
  • ဒီဇင်ဘာ ၁၇ ရက်က ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့တွင် ယူရိုပါလိဂ်(၃၂)သင်းအဆင့်ပွဲစဉ်များကို မဲနှိုက်ရွေးချယ်ရာ၌ ချယ်လ်ဆီးက ဆွီဒင်ကလပ် မာလ်မို၊ အာဆင်နယ်က ဘီလာ ရုစ်ကလပ်ဘိတ်၊ အီတလီမှ လာဇီယိုနှင့် စပိန်ကလပ် ဆီဗီလာ တို့ ရင်ဆိုင်တွေ့မည်ဖြစ်သည်။ အင်တာမီလန်သည် သြစ တြေးလျကလပ် ရာပစ်ဝီအန်နှင့် တွေ့ရမည်ဖြစ်ပြီး နောက်ထပ် ပွဲကောင်းများအဖြစ် ကရန့်စ်နိုဗာ နှင့် လေဗာကူဆင်၊ ဇူးရစ်နှင့် နာပိုလီ၊ ဆဲလ်တစ်နှင့် ဗလင်စီ ယာတို့ ကစားရမည်ဖြစ်သည်။ ယူရိုပါလိဂ်နောက်ဆုံး ၃၂ သင်းအဆင့်ပွဲစဉ်များကို ဖေဖော် ဝါရီ ၁၂ ရက်နှင့် ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဒုတိယအ ကျော့ပွဲများကို ၂၀ ရက်နှင့် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ယခုအဆင့်တွင်...
  • ချန်ပီယံလိဂ်နောက်ဆုံး (၁၆) သင်းအဆင့်ပွဲစဉ်များကို နိုင်ယွန်မြို့၌ မဲနှိုက်ရွေးချယ်ရာ တွင် အက်သလက်တီကို၊ မန်ယူ နှင့်လီဗာပူးတို့သည် ခက်ခဲသော ပြိုင်ဘက်များဖြစ်သည့် ဂျူဗင် တပ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်တို့နှင့် တွေ့ဆုံနေသည်။ အင်္ဂလန်အသင်းများအနက် အုပ်စုဗိုလ်နေရာမှ တက်လာ သော မန်စီးတီးသည် ဂျာမန်က လပ် ရှော်လ်ကေးနှင့် ရင်ဆိုင်ရ သဖြင့် ကံအကောင်းဆုံးဖြစ် သည်။ စပါးက ဒေါ့မွန်နှင့် တွေ့ မည်ဖြစ်၍ နှစ်သင်းစလုံး နောက် တစ်ဆင့်တက်ရေး ခက်ခဲနိုင် သည်။ လာလီဂါချန်ပီယံဘာစီလို နာက လိုင်ယွန်နှင့် ကစားရမည် ဖြစ်ကာ ချန်ပီယံလိဂ်လက်ရှိချန်ပီ ယံ ရီးရဲလ်က အေဂျက်ဇ်နှင့်တွေ့ ဆုံသည်။ အက်သလက်တီကိုက ဂျူဗင်တပ်ကို ခက်ခက်ခဲခဲ ကစား ရမည်ြ...
  • ရခိုင်ပြည်နယ်ရှိ ခရိုင်မြို့များတွင် လုံခြုံရေးစောင့် ကြည့်ကင်မရာ (CCTV) များ တပ် ဆင်ရန် စီစဉ်နေပြီး စစ်တွေမြို့ တွင် လုံခြုံရေးစောင့်ကြည့်ကင် မရာ ထိန်းချုပ်ရေးစင်တာတစ်ခု ကို ဖွင့်လှစ်ခဲ့သည်။ စစ်တွေမြို့ရှိ လုံခြုံရေးစောင့်ကြည့်ကင်မရာ ထိန်းချုပ်ရေးစင် တာကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တွင် ဖွင့်လှစ်ထားပြီး ဒီဇင်ဘာ ၁၅ ရက်က ဖွင့်ပွဲပြုလုပ်ခဲ့သည်။ ‘‘မောင်တောမြို့အပါအဝင် ခရိုင်မြို့တွေမှာ လုံခြုံရေးစောင့် ကြည့်ကင်မရာတွေ တပ်ဆင်သွားဖို့ စီစဉ်နေပါတယ်။ လိုအပ်တဲ့ တိုင်းတာမှုတွေ ပြုလုပ်နေပြီး တော့ စတင်ဆောင်ရွက်မယ့်အ ချိန်ကိုတော့ တိတိကျကျမပြော နိုင်သေးပါဘူး’’ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက...
  • စစ်ကိုင်းတိုင်းတွင် လူငယ် များ အလုပ်လက်မဲ့ဖြစ်ရသော အကြောင်းရင်းကို သိရှိရန် ၂၀၁၉ ၌ စစ်တမ်းကောက်ယူမည်ဖြစ် ကြောင်း တိုင်းဒေသကြီး လူငယ် ရေးရာကော်မတီ အတွင်းရေးမှူး ကိုဝေမိုးနိုင်က ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက် နှင့် ၂ ရက်တွင် မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပသောစစ်ကိုင်းတိုင်း ဒေသကြီး လူငယ်ဖိုရမ်တွင် အတည်ပြုခဲ့သည့် အချက် ၂၀ တွင်လူငယ်များ အလုပ်လက်မဲ့ဖြစ်ရသော အကြောင်းရင်းသိရှိရန် စစ်တမ်းကောက်ယူမည့်အချက် ပါဝင်ခဲ့သည်။ ‘‘၂၀၁၉ ထဲမှာ စစ်တမ်း ကောက်မှာပါ။ ကော်မတီက ဘတ်ဂျက်လည်းမရသေးတော့ ဘာမှ လုပ်လို့ မရသေးဘူး။ အဓိကလူ ငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့ဆိုရင် အလုပ်အကိုင် မရရတဲ့အကြောင်း...